Filter by Brands
- Gadget Max 119
- Remax 1
Gadget Max GM-24 Wireless Earbuds
93,500 Ksလူသံ ၊ ကားသံတွေဆူညံနေတဲ့ Bus ကားလိုနေရာမျိုးမှာ သီချင်းနားထောင်တတ်သူတွေအတွက်အကောင်းဆုံး ANC Experience တစ်ခုပေးနိုင်တဲ့ GM24 TWS Earbuds လေးရှိတယ်နော်။
ANC Mode ကိုဖွင့်လိုက်တာနဲ့ပတ်ဝန်းကျင်အသံတွေကို လုံးဝနီးပါးမကြားရပဲ သံစဉ်တွေကိုခံစားနိုင်မယ်။LED Display နဲ့ဖြူသန့်နေတဲ့ Case လေးအပြင် In-ear နားကြပ်ခေါင်းလေးတွေနဲ့မို့သက်သောင့်သက်သာလည်းရှိတယ်။ချိတ်ဆက်မှုအားအမြန်ဆုံးနဲ့ Bluetooth 5.3 ကို အသုံးပြုထားပြီး ၊ ကြည်တောက်ရှင်းဖုန်းပြောဖို့ HD Mic လေးလည်းပါတယ်။ဒါ့အပြင် Phone ပြောတဲ့အခါ သာမန်ထက်ကြည်လင်ပြတ်သားပြီး အသံလုံအောင် ENC Technology ကိုအသုံးပြုပေးထားတယ်။
တစ်ခါအားသွင်းထားရုံနဲ့ ANC ပိတ်ပြီးအသုံးပြုမယ်ဆိုရင် (8)နာရီလောက် စိတ်ကြိုက်သုံးလို့ရတယ်။Charging Case ကို Type-C Port ကနေ အလွယ်တကူအားပြန်သွင်းနိုင်ပြီး အားပြည့်ဖို့ အချိန် (၁) နာရီခွဲလောက်ပဲပေးရတော့ အဆင်ပြေတာပေါ့။
Gadget Max GM-S10 Socket
105,000 Ksပလပ်ပေါက်လည်းများများပါရမယ် USB အပေါက်လည်း များမျးပါတဲ့ Socket ရှာနေတဲ့သူတွေအတွက် Gadget Max GM-S10 Socket လေးကို မိတ်ဆက်ပေးချင်ပါတယ်။
ဒီကောင်လေးမှာဆို ပလပ်ပေါက် ၁၀ခု အပြင် USB အပေါက်ကလည်း ၆ခုပါတာမို့ Device တွေ အများကြီး တစ်ပြိုင်တည်း အားသွင်းလို့ရပါတယ်။ နောက်ပြီး သူ့မှာပါတဲ့ USB Port တွေထဲမှာ 18W QC ရတဲ့ USB တစ်ပေါက်နဲ့ iPhone တွေအတွက်ပါ အဆင်ပြေတဲ့ 18W Type-C PD တစ်ပေါက်လည်းပါပါသေးတယ်။
အပူချိန် ၈၅၀° အထိ ခံနိုင်တဲ့ Material ကိုအသုံးပြုပေးထားတော့ အိမ်သုံးပဲဖြစ်ဖြစ်၊ ရုံသုံးပဲဖြစ်ဖြစ် ဘေးကင်းကင်းနဲ့ စိတ်ချလက်ချ သုံးနိုင်တာပေါ့။
Gadget Max GM02 Outdoor Wireless Bluetooth Speaker
715,000 KsLuggage Design လေးနဲ့ အသံထွက်အားကောင်းကောင်းစိတ်ကြိုက်ကဲလိုရစေမဲ့ Outdoor Speaker ရှာနေတယ်ဆိုရင် Gadget Max o2 Bluetooth Speaker လေးရှိပါတယ်နော်။ Karaoke Mode ခံစားရအောင် RGB Lighting အပြင် Wireless Mic 2ခုနဲ့ဆိုတော့ ကိုယ်တိုင်သီဆိုပြီး သံစဉ်တွေနဲ့ စီးမြောရုံပါပဲ။Speaker Output ကလည်း 30W နဲ့မို့ အသံထွက်ကတော့ ရှယ်မိုက်နေမှာပါ။Bluetooth အပြင် AUX , SD Card , FM , TF , Recording ပါ လုပ်နိုင်ဦးမှာပါ။Battery 4500mAh ပါတာမို့ 4 နာရီအားသွင်းရုံနဲ့ ၃နာရီဝန်းကျင်လောက်ထိ စိတ်ကြိုက်နားဆင်လို့ရဦးမယ်။
Gadget Max GM08 Wired Earphone
7,000 Ksဈေးသက်သက်သာသာနဲ့ သက်တောင့်သက်သာဖြစ်စေမယ့်နားကြပ်လေးတွေကိုရှာနေတဲ့သူတွေအတွက် Gadget Max ရဲ့ GM08 လေးရှိပါတယ်။ သူ့အရှည်လေးက 1.2mဖြစ်ပြီးတော့ သူ့ speaker ကလည်း 10mm ဆိုတော့ ကြည်လင်တဲ့သီချင်းသံလေးတွေကို ကြားနေရစေမယ့်အပြင် ဖုန်းအကိုင်အချကိုလည်း controlလုပ်လို့ရမှာဆိုတော့ သွားလေရာသီချင်းနားထောင်တတ်တဲ့သူတွေအတွက်အဆင်ပြေစေမှာပါ။
Gadget Max GM12 Wireless Earbuds
72,500 KsFit ဖြစ်တဲ့ Earbuds ဒီဇိုင်းနဲ့ ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ GM12 လေးကတော့ 300mAh Batteryနဲ့မလို့ 3နာရီဝန်းကျင်လောက် အသုံးပြုလို့ရစေမှာပါ။ Charging Port လေးကလည်း Type-C Port လေးမလို့ အားကုန်သွားရင်လည်း ခေါင်းစားနေစရာမလိုပါဘူး။
Gadget Max GM15 Wired Headphone
34,500 Ksဈေးသက်သက်သာသာထဲက ကြိုးနားကြပ်လေးရှာနေတဲ့သူတွေအတွက် Gadget Max GM15 Wired Headphone လေးရှိတယ်နော်။နားကြပ်လေးက ရာဘာသားအိအိလေးနဲ့ပြုလုပ်ထားတာမို့ အကြာကြီးတပ်ထားလည်း နားနာမှာတွေ စိတ်ပူစရာမလိုပါဘူး။
3.5mm Jack လေးနဲ့ဆိုတော့ ဖုန်းတော်တော်များများနဲ့ တွဲသုံးလို့ရမယ်။အသံ အတိုး၊အကျယ်နဲ့ ကျော်တာဘာညာ လုပ်ဖို့လည်း Control Button လေးရော ပါပါသေးတယ်။
Gadget Max GM2020 Micro Charger Set
14,500 Ksအားသွင်းကြိုးနဲ့ အားသွင်းခေါင်းတွဲရက်ပါတဲ့ထဲက Charger Set လေးရှာနေတယ်ဆိုရင် Gadget Max GM2020 Micro Charger Set လေးရှိပါတယ်။
3A ကိုမှ 18W အထိ Output ပေးနိုင်လို့ အားအဝင်လည်း မြန်ချက်ပဲ။
Qualcom Quick Charge 3.0 ပါ Support ပေးထားသေးတာမို့ ဈေးသက်သက်သာသာနဲ့ အကြမ်းခံတာလေးရချင်တဲ့သူတွေအတွက် လုံးဝအဆင်ပြေပါတယ်နော်။
Gadget Max GM2021 Type C Charger Set
16,500 KsType C ဖုန်းတွေကို အမြန်ဆုံးနှုန်းနဲ့ အားပြည့်စေမယ့် Gadget Max GM2021 Type-C Charger Set လေးကို မိတ်ဆက်ပေးမယ်နော်။
18W Output နဲ့မို့ ၁မိနစ်ကို ၁% နှုန်းလောက်နဲ့ ဝင်မှာမို့ အားပြည့်ဖို့ အကြာကြီး ထိုင်စောင့်နေစရာမလိုပါဘူး။
ခိုင်ခံ့တဲ့ ABS Material တွေကို သုံးပေးထားပြီး ကျစ်လစ်တဲ့ အရွယ်အစားနဲ့မလို့ အိတ်ဆောင်သွားဖို့အတွက်လည်း အတော်ပါပဲ။
Gadget Max GM2023 (20W) Charger
14,000 KsType C အားသွင်းခေါင်းထဲက သေးသေးလေးရှာနေတဲ့သူတွေအတွက် Gadget Max GM2023 (20W) Charger လေးရှိပါတယ်။
20W အားအထွက်နဲ့ Fast Charging ရတဲ့ Device တွေကို အမြန်ဆုံးအားဖြည့်ပေးနိုင်တယ်။
Type-C Charger လေးဖြစ်တာကြောင့် Type-C To Type-C | Type-C To Lightning ကြိုက်တဲ့ Cable နဲ့ ချိတ်ဆက်အသုံးပြုနိုင်တယ်။
လက်တစ်ကိုင်စာအရွယ်လေးဆိုတော့ ဘယ်သွားသွား ယူသွားလို့အဆင်ပြေပါတယ်နော်။
Gadget Max GM25 (Gaming Series TWS Earbuds)
69,500 KsGadget Max ရဲ့ GM25 Gaming Series TWS Earbuds မှာ လှုပ်ရှားမှု့တိုင်းအတွက် အသံနောက်ကျမှု့ အနည်းဆုံးဖြစ်စေမယ့် 60ms Low Latency Gaming Mode နဲ့ ကြည်လင်ပြတ်သားပြီး ဆူညံမှူ့အနည်းဆုံးအထိလျှော့ချပေးမယ့် ENC Mic နှစ်လုံးအပြင်ကိုမှ Gaming Vibe အပြည့်ရစေဖို့ Lighting Effect လည်းပါဝင်ပါတယ်။ Bluetooth Version ကလည်း 5.3 ဆိုတော့ ချိတ်ဆက်မှု့ကလည်း မြန်ဆန်နေမှာပါ။
Gadget Max GM27 (Flow Series Tws Earbuds)
42,500 Ksသံစဉ်တွေကို အပြည့်အဝခံစားနိုင်ဖို့ Gadget Max GM27 (Flow Series Tws Earbuds) ရှိမှဖြစ်မယ်နော်။ Bluetooth Versio 5.3 နဲ့မို့ ချိတ်ဆက်ရာမှာ မြန်ဆန်စေပါတဲ့အပြင် နားနဲ့ကွက်တိ ဒီဇိုင်းလေးမို့ တပ်ထားတဲ့အခါမှာလည်း သက်တောင့်သက်သာ ရှိစေပါတယ်။Type C Port လေးနဲ့အားသွင်းလို့ရပြီး Battery ကလည်း Earbuds Battery (30mAh) ၊ Case Battery (320mAh) ပါဝင်တာမို့ တစ်ခါအားသွင်းထားရုံနဲ့ (3/4) နာရီလောက်စိတ်ကြိုက်နားဆင်နိုင်ပါတယ်။
Gadget Max GM29 (Melo Series TWS Earbuds)
71,500 Ksသံစဉ်တွေကို အပြည့်အဝခံစားနိုင်ဖို့ Gadget Max GM-29 Wireless Earbuds ရှိမှဖြစ်မယ်နော်။Bluetooth Versio 5.3 နဲ့မို့ ချိတ်ဆက်ရာမှာ မြန်ဆန်စေပါတဲ့အပြင် နားနဲ့ကွက်တိ ဒီဇိုင်းလေးမို့ တပ်ထားတဲ့အခါမှာလည်း သက်တောင့်သက်သာ ရှိစေပါတယ်။Type C Port လေးနဲ့အားသွင်းလို့ရပြီး Battery ကလည်း Earbuds Battery (40mAh) ၊ Case Battery (320mAh) ပါဝင်တာမို့ တစ်ခါအားသွင်းထားရုံနဲ့ (4/5) နာရီလောက်စိတ်ကြိုက်နားဆင်နိုင်ပါတယ်။
Gadget Max GM30 Pro (Smart Touch Display TWS Earbuds)
95,000 KsGadget Max GM30 Pro မှာ Play Pause, Case Battery, Earbuds Battery တွေကို အသေးစိတ်မြင်နိုင်တဲ့ Smart Touch Display အပြင် ချိတ်ဆက်မှု့လည်း မြန်ဆန်နေမယ့် Bluetooth V5.3 အထိ သုံးထားပေးပါတယ်။ ANC/Transparency Mode, Volume Down/Up, EQ, Alarm, Screen Brightness, Lock Screen Wallpaper နဲ့ Language ပြောင်းတာတွေထိ ဖုန်းတစ်လုံးလိုမျိုး အသေးစိတ် ပြောင်းလဲအသုံးပြုနိုင်တာကြောင့်လည်း Unique ဖြစ်နေမှာလည်း အသေချာပါပဲ။
Gadget Max GM33 (Lovely Kitty Series) Wireless Earbuds
82,500 Ksချစ်စရာ earbuds ရှာနေရင် Gadget Max ရဲ့ GM33 Lovely Kitty Series က ချစ်စရာကြောင်ရုပ် TWS လေးရှိပါတယ်။ သူ့ battery က 30mAH ဖြစ်ပြီး playtime က 4 နာရီဝန်းကျင်လောက် နားထောင်လို့ရတော့ အနားယူတဲ့အချိန်အေးဆေးသံစဉ်လေးနဲ့ငြိမ့်ရုံပါပဲ။ ချစ်စရာလည်ဆွဲကြိုးလေးလည်းပါတော့ လည်ပင်းမှာဆွဲထားပြီး သွားလေရာသယ်သွားရုံပါပဲနော်။
Gadget Max GMC1221 Type C Cable
7,000 Ksအားသွင်းကြိုးကို အကြမ်းခံတာ၊ ခွေခေါက်ထားလည်း တော်ရုံမမှုတဲ့ Type C ကြိုးမျိုးရှာနေတယ်ဆိုရင်တော့ Gadget Max GMC1221 Type C Cable လေးရှိတယ်နော်။
အပူဒဏ်ခံနိုင်တဲ့ခေါင်းတွေ ၊ အကြမ်းခံတဲ့ကျစ်ကြိုးသားကို အသုံးပြုထားလို့ ကြာရှည်အသုံးခံပါတယ်။3A အားအထွက်နဲ့မို့ အားအဝင်လည်းမြန်တဲ့အပြင် Data တွေလည်း အမြန်ဆုံး ကူးလို့ရပါတယ်နော်။
Gadget Max GMCC-01 Car Charger
52,500 Ksဖုန်းအားမရှိတာ သိနေလည်း အိမ်မှာကတည်းကမသွင်းဖြစ်ပဲ ကားပေါ်ရောက်မှ သွင်းမယ်ဆိုပြီး Car Charger အားကိုးနဲ့ အပြင်ထွက်တတ်တဲ့သူလေးတွေအတွက် Functions အစုံပါတဲ့ Gadget Max GMCC-01 Car Charger လေးအကြောင်း ပြောပြပေးမယ်နော်။ဒီ Car Charger လေးမှာဆိုရင် ဖုန်းအားသွင်းဖို့အတွက် 12V-1.5A (18W Max) အထိ Support ပေးနိုင်တဲ့ Fast Charging USB Output (1) ခုနဲ့ 5V-2A (10W) အထိ Support ပေးနိုင်တဲ့ USB Output (1) ခုပါဝင်ပါတယ်။နောက်ပြီး Bluetooth မပါတဲ့ ကားတွေအတွက်လည်း ဖုန်းနဲ့ Bluetooth ချိတ်ပြီး သီချင်းနားထောင်နိုင်တဲ့အပြင် Micro SD Card (သို့) USB Stick နဲ့လည်း အသုံးပြုနိုင်ပါတယ်။ဒါ့အပြင် ဖုန်းကိုင်, ဖုန်းချ, သီချင်းကျော်တာတွေကိုလည်း Charger ကနေတစ်ဆင့် ပြုလုပ်နိုင်တဲ့အတွက်ကြောင့် ကားပေါ်မှာ အားသွင်းတတ်တဲ့သူတိုင်း ရွေးချယ်သင့်တဲ့ Car Charger လေးတစ်ခုပါပဲ။
Gadget Max GMOD20 Outdoor Speaker
139,500 Ksအနုပညာပိုး ပါလွန်းလို့ မြူးမြူးကြွကြွ သီချင်းသံတွေကြားရင် မကဲရမနေနိုင်တဲ့ အကဲတစ်လိုင်းလေးတွေအတွက် အချိန်တိုင်း နေရာတိုင်း စိတ်လွတ်လက်လွတ် ဝုန်းဒိုင်းကြဲနိုင်မယ့် Gadget Max GMOD20 Outdoor Speaker လေးရှိတယ်နော်။
Speaker Output ကလည်း 20W နဲ့မို့ အသံထွက်ကတော့ ရှယ်မိုက်သောပါပဲ။
Radio Mode လည်း ပါသေးတာမို့ Radio နားထောင်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။
Battery ကလည်း 1800mAh နဲ့မို့ 2နာရီလောက် အားသွင်းပြီး 3 နာရီလောက်ထိ အေးဆေးသုံးလို့ရပါတယ်။
Gadget Max GMOD60 Outdoor Speaker
355,000 KsParty အတွက် Bass အသံထွက်အားကောင်းတဲ့ speaker လေးကိုရှာနေရင် Gadget Max ရဲ့ GMOD60 outdoor speaker လေးရှိပါတယ်။ သူ့ battery capacity က 14400mAh ဖြစ်ပြီးတော့ 5 နာရီလောက် တစ်ဝကြီးကဲလို့ရနိုင်မှာပါ။
Gadget Max GMPT-40 Party Box
290,000 Ksအိမ်မှာနေရင်းပဲ Party Mode On ချင်တဲ့သူတွေအတွက် Gadget Max GMPT-40 Party Box လေးရှိပါတယ်နော်။
၈လက်မအရွယ် Speaker လေး လေးပေမဲ့ 40W အသံထွက်အားနဲ့မို့ အမိုက်စား Bass သံတွေကို ခံစားရစေမှာပါ။
Wireless Mic တစ်လုံးပါတဲ့အပြင် Wired Mic တစ်လုံးချိတ်ဖို့ အပေါက်တစ်ပေါက်လည်း ပါပါသေးတယ်။
Mic-Pri Function ပါဝင်တာကြောင့် Mic အသုံးပြုတဲ့အခါ အလိုအလျောက်အသံရပ်ပေးနိုင်တဲ့အပြင် Treble , Bass , Echo တို့ကိုလည်း ကြိုက်သလိုချိန်ညှိလို့ရတယ်။
TWS Mode / Wireless ချိတ်ဆက်ဖို့ Bluetooth 5.0 /AUX Card / USB Port များနဲ့လည်း ချိတ်ဆက်ပြီးအသုံးပြုနိုင်ပါတယ်နော်။
Gadget Max GMPT-50 Party Box
595,000 Ksရောင်စုံမီးတွေနဲ့ စိတ်ကြိုက်ကဲလို့ရအောင် Gadget Max GMPT-50 Party Box လေး တစ်လုံးလောက်တော့ ရှိထားသင့်တယ်နော်။
၈လက်မအရွယ် Speaker နှစ်လုံးတောင် ပါတာမို့ အသံထွက်ကတော့ ရှယ်ပါပဲ။
Wireless Mic တစ်လုံးအပြင် Wired Mic နှစ်လုံးချိတ်သုံးဖို့ အပေါက်နှစ်ပေါက်လည်းပါပါသေးတယ်။
အဆိုတော်အသံဖျောက်ပြီး Karaoke Mode ပြောင်းလို့ရသလို Mic သုံးတဲ့အခါ Speaker ကသီချင်းသံကို Auto ရပ်ပေးတဲ့ Mic-Pri Function စနစ်ပါဝင်တယ် ။
Mic Volume အပြင် သီချင်းသံနဲ့ပတ်သက်ပြီးTreble , Bass , Echo တို့ကိုကြိုက်သလိုချိန်ညှိနိုင်တယ်။
EQ Mode (5) မျိုးအထိပြောင်းလဲအသုံးပြုလို့ရသလို Bass အသံအတိုးအချဲ့လုပ်တာနဲ့ အခြား Function မျိုးစုံကို စပီကာအပေါ်ဘက်က Control ခလုတ်တွေကနေ အစုံထိန်းချုပ်နိုင်တယ်။
စပီကာနှစ်လုံးကို TWS ချိတ်ဆက်အသုံးပြုလို့ရသလို ကြိုးမဲ့ချိတ်ဆက်ဖို့ Bluetooth 5.0 | TF Card, USB ,AUX ကြိုးများနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်နော်။
Gadget Max GMPT-80 Party Box
750,000 Ksအိမ်မှာပဲ ကာရာအိုကေလည်း ဆိုချင်တယ်.. အသံထွက် မကောင်းမှာလည်း စိတ်ပူတယ်ဆိုတဲ့ သူတွေအတွက် Gadget Max GMPT-80 Party Box လေးရှိပါတယ်နော်။
စပီကာအကိတ်ကြီးဆိုတဲ့အတိုင်း သူ့ထဲမှာ Woofer (2) လုံးနဲ့ Tweeter (1) လုံးပါရှိပြီး 80W အသံထွက်အားကိုထုတ်ပေးနိုင်လို့ Bass သံခပ်ကြမ်းကြမ်းတွေကို ပိုပြီး Detail ကျကျခံစားနိုင်မှာပါ။
Wireless Mic (1) လုံးပါဝင်ပြီး Wired Mic (2) လုံးအပြင် ဂီတာကြိုးတစ်ခုပါတစ်ပြိုင်တည်းချိတ်ဆက်အသုံးပြုနိုင်ဖို့ 6.5MM Port (3) ခုလည်းထည့်ပေးထားသေးတယ်။
ချိတ်ဆက်မှုကောင်းမွန်တဲ့ Bluetooth 5.0 အပြင် (USB/TF/AUX/FM) တို့နဲ့လည်းတွဲဖက်အသုံးပြုနိုင်ပါတယ်နော်။
EQ Mode (5) မျိုးအထိပြောင်းလဲအသုံးပြုလို့ရသလို Bass အသံအတိုးအချဲ့လုပ်တာနဲ့ အခြား Function မျိုးစုံကို စပီကာအပေါ်ဘက်က Control ကနေအစုံထိန်းချုပ်နိုင်ပါတယ်။
ပါတီတွေမှာ သုံးဖို့ပဲဖြစ်ဖြစ်၊ အိမ်မှာပဲ ကာရာအိုကေ ဆိုချင်တာပဲဖြစ်ဖြစ် Gadget Max GMPT-80 Party Box လေးရှိနေရင် အားလုံး အိုကေစိုပြေသွားမှာနော်။




















