Spigen iPhone 15 Pro Slim Armor Cover
127,500 Ksအရင်ဦးဆုံး တပ်ကြည့်လိုက်တာနဲ့ လက်ထဲမှာ ခံစားရတဲ့ Feeling ၊ ဘာနဲ့မှ လဲနိုင်မယ်မထင်….ဘေးဘောင်တစ်လျှောက်လုံးကြည့်လိုက်ရင်လည်း လက်ထဲမှာ တင်းတင်းရင်းရင်းနဲ့ ကိုင်ရတဲ့ Feeling မိမိရဲ့တန်ဖိုးကြီးလှတဲ့ ကင်မရာပေါက်တွေကိုလည်း ရှယ်ပလန်နဲ့ ရှယ်အကြမ်းခံနိုင်စွမ်း ရှိနေတယ်။
နောက်ထပ် အကောင်းဆုံးအချက်က ကာဗာနောက်ကျောလေးမှာ ထောက်တိုင်လေး တစ်ခုပါနေတယ်၊လက်ညောင်းနေတဲ့အချိန်၊ ရုပ်ရှင်ကြည့်တဲ့အချိန် အေးဆေးဇိမ်ခံလို့ကောင်းတာပေါ့..။
Spigen iPhone 15 Pro Ultra Hybrid Cover
115,000 KsSpigen ရဲ့ ကြည်လင်တောက်ပနေတဲ့ ကာဗာ ULTRA HYBRID SERIES COVER ပုံမှန်အားဖြင်တော့ ကာဗာအကြည်ဆိုရင် လူကြိုက်များပေမယ့် Spigen ရဲ့ကာဗာအကြည်ဆိုရင် ဘာ့ကြောင့်ပိုပြီး လူကြိုက်များရတာလည်းဆိုတာ သိထားမှဖြစ်မယ်နော်။
Packaging ကအစ အရမ်းကို သေသပ်ပြီး ကိုယ်ရဲ့ကာဗာအကြည်ကို ထိခိုက်မှုမရှိရအောင် Remove Protective Film လေးကပ်ပေးထားတယ်။
ဘေးဘောင်ပတ်ပတ်လည်ကို ဆီလီကွန်နဲ့ကာကွယ်မှုအပြည့်ပေးထားပြီး BUTTON များကဖောင်းကြွနေခြင်းမရှိဘဲ ကာဗာဘောင်နဲ့ တစ်တန်းထဲဆိုတော့ လက်ထဲမှာ ကိုယ်တွယ်ရတာ ပိုပြီး ကျစ်ကျစ်လစ်လစ်ရှိတယ်။
ကာဗာတပ်ထားလည်း အနှောက်အယှက်မရှိ အားသွင်းနိုင်တယ်။
ကင်မရာအတွက် ထိခိုက်မှုမရှိရအောင် ကင်မရာဘောင်ပတ်လည်ကို ပိုပြီးထူ ပိုပြီးမြှင့်ထားတယ်။

