Sony HT-G700 Soundbar
1,790,000 KsHT-G700 လေးကတော့ Vertical Surround Engine ကြောင့် အသံတွေကိုအခန်းထဲကနေရာတိုင်းမှာ ရုပ်ရှင်ရုံတစ်ရုံလိုမျိုး ရှင်းရှင်းလင်းလင်းကြားနိုင်တာမလို့ ပိတ်ရက်ကိုအိမ်မှာနေရင်းအပန်းဖြေမယ့်သူတွေအတွက် အိုကေစေမှာပါ။ Wireless subwoofer လေးကြောင့်လည်း deep, full bass တွေကိုခံစားရမယ့်အပြင် modes တွေကိုလည်းအလွယ်တကူပြောင်းလို့ရတာကြောင့် အမိုက်စားအိမ်တွင်းရုပ်ရှင်ရုံတစ်ရုံကိုပိုင်ဆိုင်ရစေမှာပါ။
Sony HT-S100F Soundbar
629,000 Ksအိမ်ထဲမှာနေရင်း ရုပ်ရှင်ရုံရောက်သွားသလိုခံစားရစေဖို့ HT-S100F လေးရှိပါတယ်။ S-Force Front Surround technologyကြောင့် high-fidelity audio ကို ရုပ်ရှင်ရုံထဲရောက်သွားသလို အပြည့်အဝခံစားစေရမှာပါ။ Punchy bass လေးကိုထုတ်ပေးတဲ့ စပီကာလေးကြောင့်လည်း TV show ကြည့်မလား သီချင်းပဲနားထောင်မလား အဆင်ပြေစေမှာပါ။ ချိတ်ဆက်ဖို့အတွက်လည်း HDMI ARC ကြိုးလေးနဲ့အလွယ်တကူချိတ်လို့ရတော့ အရမ်းအဆင်ပြေစေမယ့် soundbar လေးပါပဲ။
Sony HT-S400 Soundbar
1,290,000 Ksပိတ်ရက်လေးမှာ မိသားစုနဲ့အတူတူအိမ်ထဲမှာပဲအချိန်ဖြုန်းမယ်ဆိုရင် စတိုင်ကျကျ ဒီဇိုင်းမိုက်တဲ့ HT-S400 လေးရှိပါတယ်။ X-Balanced Speaker Unit ရယ် speaker unit လေးပေါ်က Separated Notch Edgeလေးတွေကြောင့် ကြည်လင်တဲ့အသံလေးတွေကို quality ကောင်းကောင်းခံစားလို့ရနိုင်စေမှာပါ။ Wireless connection ကောင်းကောင်းရတဲ့အပြင် remote controlလည်းပါသေးတော့ လိုသလိုထိန်းချုပ်လို့ရနိုင်ဦးမှာပါ။
Sony HT-S40R Soundbar
1,750,000 KsSony ရဲ့ HT-S40Rလေးကတော့ သေသပ်တဲ့ဒီဇိုင်းလေးနဲ့ အလွယ်တကူတပ်ဆင်လို့ရလို့ home mini cinema လေးလုပ်ချင်တဲ့သူတွေအတွက် အိုကေပါပဲ။ Soundbar ရယ် subwoofer လေးနဲ့ wireless rear speakers လေးတွေရဲ့ပေါင်းစပ်မှုကြောင့် ကြည်လင်ပြတ်သားတဲ့အသံလေးတွေကို ရှင်းရှင်းလင်းလင်းကြားရစေမှာပါ။ သူက ရွေးချယ်စရာ modes လေးတွေလည်းစုံစုံလင်လင်ပါပါသေးတယ်။



