JBL Harman Boomboox 3 Bluetooth Speaker
1,990,000 Ks
Squards
Speaker ကို AC Mode နဲ့သုံးလိုက် Battery Mode နဲ့သုံးလိုက်လုပ်ချင်တဲ့သူတွေရှိရင် JBL Harman Boomboox 3 Bluetooth Speaker လေးရှိတယ်နော်။AC Mode မှာဆိုရင် 80W Subwoofer တစ်လုံး၊ 40W Midrange နှစ်လုံး၊10W Tweeter နှစ်လုံးနဲ့ Battery Mode မှာဆိုရင် 60W Subwooferတစ်လုံး၊ 30W Midrange နှစ်လုံး၊8W Twitter နှစ်လုံးကိုသုံးထားပါတယ်။IP67 waterproof & dustproof ပါတော့ Pool party လား ကမ်းခြေလား ဘာမှစဉ်းစားနေစရာကိုမလိုတော့ဘူးပေါ့။Charging Time 6.5Hr နဲ့ Play Time 24Hr ဆိုတော့ရှယ်ပဲပေါ့။
JBL Harman Charge 5 Bluetooth Speaker
759,000 KsSpeaker လေးလေးကြီးတွေကလည်းမသယ်ချင် Sound Quality ကလည်း Outdoor အတွက်လုံလုံလောက်လောက်လေးရချင်တဲ့သူတွေအတွက်ရွေးချယ်စရာကတော့ JBL Harman Charge 5 Bluetooth Speaker လေးရှိပါတယ်နော်။Woofer 30W, Tweeter 10W နှစ်ခုရဲ့ Total 40W က Indoor ပါမက Outdoor တွေထိပါ အသံနိုင်နိုင်နင်းနင်းရှိတယ်နော်။အားအပြည့်သွင်းချိန် 4Hr နဲ့ Playtime က 20Hr လောက်ထိသုံးနိုင်ပါတယ်။IP67 နဲ့ရေစိုခံတဲ့အပြင် Party Boost function ပါဝင်တာမလို့ Model မတူတောင် Party Boost function တူတဲ့တခြားမော်ဒယ်တွေနဲ့ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။
JBL Harman Clip 4 Bluetooth Speaker
269,000 Ks
Blue Pink
JBL Signature sound အသံထွက်ကို ဈေးအသင့်အတင့်ထဲကရချင်တယ်ဆိုရင်တော့ JBL Harman Clip 4 Bluetooth Speaker ရှိတယ်နော်။
Minimalist ဆန်ဆန် Design အနေအထားနဲ့ ချစ်စရာကောင်းတဲ့ Style နဲ့ လက်တစ်ဝါးစာ အရွယ်အစားနဲ့ Speaker Output Power 5Wက တကယ်ကို သေးသေးလေးနဲ့ အဆိပ်ပြင်းတဲ့ကောင်လေးနော်။အိမ်ထဲမှာပဲနားထောင်ထောင် ခရီးထွက်၊ တောင်တက်၊ သူငယ်ချင်းတွေနဲ့ Hangout လုပ်မယ်ဆိုရင်လဲ Built-in clip နဲ့အလွယ်တကူချိတ်ပြီးသယ်သွားလို့ရုံပဲ။Waterproof IP67 လေးပါလို့ ရေစင်တာလောက်ကိုတော့ မမှုဘူးနော်။
JBL Harman Flip 6 Bluetooth Speaker
549,000 Ksလက်တစ်ကိုင်စာလေးနဲ့ ဘယ်နေရာမဆိုသယ်ယူသွားလို့ရပြီး အသံကောင်းကောင်း Bluetooth Speaker လေးတွေဆိုရင်တော့ JBL Harman Flip 6 Bluetooth Speaker လေးရှိပါတယ်နော်။20W Woofer တစ်လုံးနဲ့ 10W Tweeter ကနေထွက်လာတဲ့ Output power 30W လေးကတော်တော်လေး Powerful ဖြစ်ပါတယ်နော်။၂ နာရီခွဲလောက်အားသွင်းလိုက်ရုံနဲ့ ၁၂ နာရီလောက်သုံးလို့ရတာဆိုတော့ အိုခေလို့ စိုပြေလို့ပေါ့။IP67 နဲ့ဆိုတော့ Outdoor Use အတွက်လည်း စိတ်ချရတာပေါ့နော်။
JBL Harman Partybox 110
1,890,000 Ksပေါ့ပေါ့ပါးပါး သူငယ်ချင်းတွေနဲ့ပဲ Party လုပ်ဖို့ Speaker လေးတစ်လုံးရှာနေတယ်ဆိုရင် JBL Harman Party Box 110 လေးကိုသာရွေးချယ်လိုက်နော်။
Speaker Output Power 160W နဲ့ ဆိုတော့ Party vibe ကိုအပြည့်အဝကြီးခံစားနိုင်ပါတယ်။Built In Light Show Effect တွေကလည်း Party Vibe လေးကိုအပြည့်အဝခံစားစေရမှာနော်။
သီချင်းဆိုမလား ဂစ်တာနဲ့တွဲဖက်ပြီးပဲ Perfect light show ဖန်တီးမလား အဆင်ပြေစေဖို့ Mic & Guitar Input လေးတွေလည်းပါတယ်နော်။
JBL Harman Partybox 310
2,490,000 KsOutdoor ရော Indoor မှာရော အသံအားကောင်းကောင်းနဲ့ အလွယ်တကူသယ်လို့လွယ်တဲ့ Speaker လေးရှာနေတယ်ဆိုရင်တော့ JBL Harman Party Box 310 လေးကိုညွှန်ပေးပါရစေနော်။
Speaker Output power 240W နဲ့ဆိုတော့ဘယ်နေရာဖြစ်ဖြစ်ကို ဖွင့်ပြီး အမုန်းကဲလို့ရတာပေါ့။Built In Light Show Effect တွေပါလို့ လူကိုယ်တိုင် Party ထဲကိုရောက်သွားသလိုခံစားစေရမှာနော်။
အားတစ်ခါသွင်းပြီးတာနဲ့ 18 နာရီလောက်ထိအသုံးခံတာမို့ ရှယ်ပဲပေါ့။အောက်ခံဘီးလုံးလေးတွေပါပြီး လက်ကိုင်ကွင်းနဲ့ဆိုတော့ ကိုယ်သယ်သွားချင်တဲ့နေရာကို Luggage လိုသယ်သွားရုံပဲလေ။
JBL Harman Xtreme 3 Bluetooth Speaker
1,190,000 KsIndoor မှာရော Outdoor မှာရောအသံထွက်ကြမ်းတဲ့ Speaker လေးရှာနေတဲ့သူတွေရှိရင် JBL Harman Xtreme 3 Bluetooth Speaker လေးကရွေးချယ်စရာတစ်ခုပါပဲနော်။Built in battery ပါဝင်ပြီး 2နာရီခွဲအားသွင်းရုံနဲ့ 15 နာရီလောက်အသုံးခံတယ်ဆိုတော့ တစ်ခါအားသွင်းပြီးရင်စိတ်ကြိုက်သုံးရုံပဲ။Radiator 2လုံးနဲ့ Driver 4လုံး ပေါင်းပြီးထွက်လာတဲ့ အပြင်းစား Deep Bass sound သံကြီးကတော့ ရှယ်ပဲ။IP67 waterproof & dustproof ပါဝင်လို့ အပြင်မှာမိုးရွာရွာနေပူပူ စိတ်ပူစရာမလိုပဲ ယူသွားလို့ရပြီး Pool Party အသေးလေးတွေအတွက်လည်းအသုံးပြုနိုင်ပါတယ်နော်။Party Boost function ပါဝင်လို့ တစ်လုံးတည်း အသံနဲ့အားမရဘူးဆိုရင်လည်း Function တူတခြား speaker တွေနဲ့ထပ်ချိတ်ပြီး လိုသလိုသုံးလို့ရသေးတယ်။
Marshall Emberton 2 Bluetooth Speaker
1,100,000 Ks
Black And Brass
Party အသေးလေးတွေမှာကဲဖို့ ပေါ့ပေါ့ပါးပါး Speaker လေးရှာနေရင်တော့ Marshall Emberton 2 Bluetooth Speaker လေးရှိတယ်နော်။
True Stereophonic Sound System ကြောင့် ကျယ်ကျယ်လောင်လောင် အသံထွက်နဲ့ ကိုမှ 360° Surrounding Sound ကြောင့်အသံကလည်းပတ်ပတ်လည်ကိုပျံ့နှံ့နေမှာနော်။
IP67 ပါပါတော့ မတော်တဆ ရေစိုသွားမှာကိုလည်း စိတ်ပူနေစရာ မလိုတဲ့အပြင် Outdoor Use အတွက်အဆင်အပြေဆုံးပဲပေါ့။ USB-C နဲ့ Quick Charge ရတဲ့အပြင် အားပြည့်ဖို့အတွက် (3) နာရီလောက်ပဲကြာပြီး တစ်ခါအားအပြည့်သွင်းထားပြီးရင် နာရီ (30) ကြာ အထိကိုကဲလို့ရနေတာကရှယ်ပဲ။
Remax RB-X3 Bluetooth Speaker
375,000 Ksဘယ်နေရာရောက်ရောက် သီချင်းလေးဟဲချင်တာဆိုတဲ့ မိုက်ခဲလေးတွေအတွက် RB-X3 လေးတစ်လုံးသာရှိရင် အကုန်ပြည့်စုံသွားပြီနော်။
တစ်ယောက်တည်း ပေါက်ကွဲချင်တဲ့သူတွေအတွက် Wireless Mic တစ်လုံးကပါပြီးသားအပြင် Portable ဖြစ်လို့ အလွယ်တကူသယ်သွားလို့ရတယ်။
တစ်ခါအားသွင်းထားရင် (၃)နာရီကနေ (၅)နာရီလောက်ထိ အသာလေးသုံးလို့ရပါတယ်နော်။ဒါ့အပြင် အသံဖျောက်လို့ရတယ် / FM ပါမယ် / Memory Stick/SD Card စိုက်လို့ရမယ် / Mic Port (၂)ခုလည်း ထပ်ပါပါသေးတယ်။
Remax RB-X5 Bluetooth Speaker
895,000 Ksရင်ထဲ ကြပ်နေသမျှတွေ ဖွင့်ထုတ်ပြီး စိတ်လွတ် လက်လွတ် အကြိုက်ဟဲဖို့ ဆိုဒ်ကြီးကြီး အားပြင်းတဲ့ အသံထွက်နဲ့ စပီကာတစ်လုံးလောက်ရှာနေတယ်ဆိုရင် RB-X5 ရှိတယ်နော်။
Original Wireless Mic (၂)ခု ပါတဲ့အတွက် Solo ဟဲလို့ရတဲ့အပြင် Duet လဲဆိုလို့ရမယ်။ဒါ့အပြင် Wired Mic နဲ့ဆိုချင်ရင်လည်း Join ဖို့ Mic Port (၂)ခုပါသေးတာမို့ လူများလည်း အေးဆေးပဲ။
Unplugged စတိုင်လေး ဆိုချင်တဲ့လူတွေအတွက်လဲ ဂစ်တာကြိုးထိုးဖို့ အပေါက် ၂ ပေါက်ပါတယ်ဆိုတော့ အားလုံး အိုကေမှာစိုပြေပြီပေါ့။
Tronsmart Bang SE Bluetooth Speaker
395,000 Ksအပြင်သွားရင် Speaker မှမပါရင်မသွားတတ်တဲ့သူတွေအအတွက် ဒီ Tronsmart Bang SE Bluetooth Speaker ကိုသာလာဝယ်ထားလိုက်တော့နော်။
Bang SE က Portable Speaker ဆိုတော့ သွားလေရာကို ကြိုးလေးနဲ့လွယ်လွယ်သယ်သွားမလား ခိုင်ခံ့တဲ့ လက်ကိုင်နဲ့ပဲကိုင်မလား လိုသလိုသယ်လို့ရတယ်လေ။
20W Driver (2) လုံးကနေ 40W အသံထွက်အားကိုခံစားနိုင်ပြီး SoundPulse Technology ကိုပါသုံးထားတော့ Bass သံကို အားရပါးရ ခံစားရုံပဲပေါ့။
Lighting Mode (3)မျိုးကနေ LED Lightတွေထွက်လာတာနဲ့ စည်းချက်တွေအတိုင်း Light တွေကလိုက်ကနေတော့မှာနော်။ 4000mAh Battery ကိုမှ LED ကိုပိတ်ထားမယ်ဆိုရင် (24) နာရီလောက်ထိ ဆက်တိုက်ဖွင့်နားထောင်လို့ရတော့ရှယ်ပဲပေါ့။










