JBL Quantum 100 Wired Headphone
199,000 KsGamer တွေအနေနဲ့ Headphone တစ်လုံးဝယ်ထားရုံနဲ့စွယ်စုံသုံးလို့ရတဲ့ Headphone လေးတွေထဲက ပေးရတဲ့ဈေးထက်တန်တဲ့ Features လေးတွေနဲ့ကောင်လေးဆိုရင်တော့ JBL Quantum 100 Wired Headphone လေးရှိတယ်နော်။Lightweight headband နဲ့ အိအိစက်စက် ear cushions လေးတွေနဲ့ဆိုတော့ အကြာကြီးတပ်ထားရင်တော့ နားနာမှာ ခေါင်းနာမှာတွေအတွက်ထည့်မစဉ်းစားလည်းရပါတယ်နော်။
Sound Quality အတွက်တော့ 40mm driver ကတော်တော်ကြီးကိုအဆင်ပြေပါတယ်။Removable Mic လေးနဲ့ဆိုတော့ ဂိမ်းဆော့မနေရင်လည်း သီချင်းလေးနားထောင်ပြီး Chill နေလို့ရတော့အဆင်ပြေနေရောပဲ။
JBL Quantum 200 Wired Headphone
239,000 KsHeadphone တစ်လုံးဝယ်ထားရုံနဲ့စွယ်စုံသုံးလို့ရတဲ့ Headphone လေးတွေထဲကဆိုရင်တော့ JBL Quantum 200 Wired Headphone လေးကလည်း ရွေးချယ်စရာတစ်ခုပဲနော်။ကြည်တောက်ရှင်းတဲ့ Ingame Sound တွေအတွက် 50mm driver size ကြီးကအဆင်ပြေပြေပဲနော်။
Lightweight headband နဲ့ဆိုတော့ တနေကုန်အမုန်းဆော့နေရင်တော့ ခေါင်းမနာတော့ဘူးပေါ့။ဖြုတ်လို့တပ်လို့ရတဲ့ Detachable mic ကြောင့် ကိုယ့်ရဲ့ Teammate တွေနဲ့ဘယ်လိုမဆိုအချိတ်အဆက်မိနေမှာနော်။

