Remax RC-C189 2in2 Cable
11,000 Ksအပြင်သွားရင် Device တွေအများကြီးယူသွားတတ်လို့ Cable အများကြီးကြောင့် ကြိုးရှုပ်တာကိုရှင်းရင်းတိုင်ပတ်နေတဲ့သူတွေအတွက် Cable တစ်ကြိုးတည်းနဲ့ 3မျိုးသုံးလို့ရနိုင်မယ့် RC-C189 လေးရှိပါတယ်။ USB to Type-C ပဲသုံးမလား Type-C to Type-Cလား Type-C to Lightningပြောင်းမလား USB to Lightning အနေနဲ့သုံးမလား အိုကေမှာစိုပြေနေမှာပါ။ Cable ဒီဇိုင်းကလည်း ကျစ်ကြိုးကိုမှ ကြိုးပြားလေးမလို့ အကြမ်းပတမ်းခံပြီးတော့ Type-C to Type-C ဆို 65W Output အထိ Support ပေးတဲ့အပြင် Data Transfer Rate ကလည်း 480Mbps ဆိုတော့ Cable တစ်ကြိုးတည်းနဲ့ အမျိုးစုံကြိုးခုန်ရုံပါပဲ။
Remax RP-U157 (Kiddy Series) Gan Power Strip
89,500 Ksမီးလာတဲ့အချိန်ကလေးကို အိမ်ကရှိသမျှ deviceတွေကိုအားလည်းသွင်းချင်တယ် chargerအများကြီးလည်းမသုံးချင်ဘူးဆိုတဲ့သူတွေအတွက် chargerလေးတစ်ခုတည်းမှာပဲ port တွေအများကြီးပါတဲ့ RP-U157 လေးရှိပါတယ်။ သူ့မှာ type-c port 2 port နဲ့ USB port 2 port ပါတဲ့အပြင် 2 pin socket 2 ခုလည်းပါသေးတော့ device 6 ခုလောက်ကိုအေးဆေးသွင်းရုံပါပဲ။ သူ့မှာ Overheat Protection ၊ Overcurrent Protection နဲ့ Built-In Smart Chip ပါတာကြောင့် Watt ပမာဏကို Auto Adjust ထုတ်ပေးတဲ့အတွက် charger လောင်မှာကိုစိုးရိမ်စရာမလိုပါဘူး။ Cable length ကလည်း 1.5M ဆိုတော့ ရုံးအတွက်ပဲသုံးသုံး အိမ်မှာပဲသုံးသုံးအဆင်ပြေစေမှာပါ။
Remax RP-U9 (Cardi Series) 65W Folding Charger
150,000 KsPower Bank လေးလို Portable Design နဲ့ သေးသေးကျစ်ကျစ် Remax RP-U9 (Cardi Series) 65W Folding Charger လေးက 45W Type-C Port + 18W USB Port တို့လို Fast Charging Port နှစ်ခုပါတာမို့ Device တစ်ခုထက်ပိုပြီး တပြိုင်ထဲ မျှပြီးအားသွင်းပေးနိုင်ပါတယ်။ ခေါက်သိမ်းလို့ရတဲ့ အားသွင်းခေါင်းကြောင့် အိတ်ထဲထည့်ဖို့လည်း လုံးဝအိုခေပါပဲ။ GaN Power Chip ကိုအသုံးပြုပေးတာကြောင့် သင့် Device Safety အတွက်လည်း စိတ်ချရတာပေါ့။


