Oppo A18
419,900 KsOppo A18 လေးကတော့ 5000 mAh Battery ပါတော့ တစ်နေ့စာအတွက် လုံလုံလောက်လောက်လေးသုံးနိုင်မှာပါ။
Black Cover Design လေးကလည်း Glowing Design နဲ့ဆိုတော့ လူငယ်တွေ အကြိုက်ပေါ့။
နောက်ပြီး Main Camera ကို 8 MP (wide) နဲ့ 2 MP (depth) လေးတွေသုံးထားပေးပြီး Selfie Camera ကိုလည်း 5 MP (wide) ကိုသုံးပေးထားပါသေးတယ်။
Oppo A3
649,900 Ks – 719,900 KsMilitary-Grade Shock Resistance Test နဲ့ SGS Certification ရရှိထားတဲ့ Design လန်းလန်းနဲ့ သာမန်ထက် ခပ်ကြမ်းကြမ်းသုံးလို့ရမယ့် Oppo A3 လေးမှာက Chipset အနေနဲ့ Snapdragon 6s Gen 1 ကို အသုံးပြုထားပါတယ်။6.67 inches, IPS LCD Display ကို အသုံးပြုပေးထားပြီး 50MP Main Lens ကြောင့် ကြည်လင်ပြတ်သားတဲ့ အမှတ်တရတွေ ဖန်တီးနိုင်ဦးမှာပါ။အားသွင်းမြန်ဆန်တဲ့ 45W SUPERVOOC Flash Charge အပြင် 5100mAh Battery ကို သုံးပေးထားသေးတဲ့အတွက် Daily Use အတွက်လည်း အဆင်ပြေစေမှာပါ။IP54 Water Resistance နဲ့မလို့ သာမန်ရေစို ချွေးစိုဒဏ်တွေကို ခံနိုင်မယ့်အပြင် Multiple Liquid Resistance & Splash Touch ကြောင့် ရေစိုနေတဲ့အချိန်မှာတောင် အသုံးပြုလို့ရနေဦးမှာပါ။
Oppo A3X
429,900 Ks – 529,900 Ks
Nebula Red
Design လန်းလန်းနဲ့ သာမန်ထက် ခပ်ကြမ်းကြမ်းသုံးလို့ရမယ့် Oppo A3X လေးမှာက Chipset အနေနဲ့ Snapdragon 6s Gen 1 ကို အသုံးပြုထားပါတယ်။6.67 inches, IPS LCD Display ကို အသုံးပြုပေးထားပြီး 8MP Main Lens ကြောင့် ကြည်လင်ပြတ်သားတဲ့ အမှတ်တရတွေ ဖန်တီးနိုင်ဦးမှာပါ။Military Grade Shock Resistance နဲ့ SGS Premium Certification ကို 5 Star အဆင့် တရားဝင်လက်မှတ်ရရှိထားတာမလို တော်တော်လေး အကြမ်းခံတဲ့အပြင် မတော်တဆ ရေစိုသွားရင်တောင် Multiple Liquid Resistance နဲ့ Splash Touch တွေပါလို့ ဟန်မပျက် အေးဆေးဆက်သုံးနေနိုင်ဦးမှာပါ။ဒါ့အပြင် 45W Charging Speed ကြောင့် ဖုန်းအားသွင်းတာကို အကြာကြီးထိုင်စောင့်ဖို မလိုဘူးပေါ့။
Oppo A5 Pro
899,900 Ks
Mocha Brown
Olive Green
တည်ငြိမ်တဲ့ဒီဇိုင်း သာမန်ထက်အကြမ်းခံမယ့် Oppo A5 Pro လေးကတော့ 6.67 inches Screen Size အပြင် Qualcomm SM-6115 Snapdragon 6s 4G Gen1 (11 nm) Chipset ဖြစ်လို့ Daily Use အတွက် သွက်သွက်လက်လက်ဖြစ်နေမှာပါ။ Main Camera အနေနဲ့ 50 MP, 2 MP နဲ့ Selfie Camera 8 MP ကိုသုံးပေးထားလို့ ပုံတွေရိုက်တဲ့အခါလည်း ကြည်လင်နေမှာပါ။ IP68/IP69 water resistant နဲ့ဆိုတော့ ရေစိုမလား ရေစိမ်မလား Oppo A5 Pro လေးကအေးဆေးပါပဲ။5800 mAh Capacity Battery ကို 45W Fast Charging နဲ့ အားသွင်းပြီးသုံးရတာမို့ Charging Time နည်းနည်းနဲ့ ကြာကြာလေးသုံးလို့ရပြီပေါ့။
Oppo A5x
469,900 Ks – 569,900 Ks
Laser White
Midnight Blue
IP65 Dust & Water Resistance နဲ့ A5x လေးက Military-Grade Shock Resistance ပါတာမလို့ အကြမ်းမခံမှာပူစရာမလိုပါဘူး။ 6000mAh Battery ကို 45W SUPERVOOC Flash Charge နဲ့ဆိုတော့ အားသွင်းလိုက်မှန်းတောင် ခံစားလိုက်မိမှာမဟုတ်ပါဘူး။ Snapdragon 6s Gen 1 Chipset လေးကြောင့် ခပ်သွက်သွက် Performance ကိုခံစားလို့ရစေမှာပါ။ Main Camera 32MP, 5MP နဲ့ Selfie Camera 5MP တို့ကလည်း အမှတ်တရကောင်းလေးတွေကို မှတ်တမ်းတင်လို့ရစေဦးမှာပါ။ 6.67″ Screen Size ကိုမှ 1000nits Ultra Bright Displayနဲ့ဆိုတော့ ကြည်လင်တဲ့ရုပ်ထွက်ကိုခံစားစေရမှာပါ။
Oppo A60
899,900 Ks
Midnight Purple
Ripple Blue
ပေါ့”ပါး” Body လေးနဲ့ အကြမ်းလည်းခံတဲ့ Oppo A60 ကတော့ 6.67 inches, IPS LCD, 90Hz, 950 nits (peak) Display ကြောင့်မို့ ရုပ်ရှင်ကြည့် Game ဆော့အိုခေပါတယ်။ Qualcomm SM6225 Snapdragon 680 4G (6 nm) ကလည်း Daily Use အတွက်ကြန့်ကြာမှု့မရှိသလောက်ပါပဲ။ Main Camera အနေနဲ့ 50 MP နဲ့ Selfie Camera 8 MP ကိုသုံးပေးထားလို့ ပုံတွေရိုက်တဲ့အခါလည်း ကြည်လင်နေမှာပါ။ 5000 mAh Capacity Battery ကို 45W Fast Charging နဲ့ အားသွင်းပြီးသုံးရတာမို့ Charging Time နည်းနည်းနဲ့ ကြာကြာလေးသုံးလို့ရပြီပေါ့။
Oppo Reno 12 (5G)
1,999,900 Ks
Astro Silver
Matte Brown
3D Design နဲ့ Unique ဖြစ်နေတဲ့အပြင် AI ပိုင်းမှာပါ Powerful ဖြစ်လာတဲ့ Oppo Reno 12 (5G) မှာ AMOLED, 1B colors, 120Hz, HDR10+, 1200 nits (peak) Display နဲ့ Mediatek Dimensity 7300 Energy (4 nm) SOC ကို သုံးထားလို့ စိုတောက်နေပြီး Smooth ဖြစ်တဲ့ Experience ကိုရနိုင်မှာပါ။ Camera အနေနဲ့လည်း 50 MP Main Camera နဲ့ 32 MP Selfie Camera ကို သုံးထားလို့ ရိုက်ချက်တိုင်းကလည်း ကြည်တောက်ရှင်းနေမယ့်အပြင် Battery Capacity 5000 mAh ကိုမှ 80W Fast Charging နဲ့မို့လို့ ခဏပဲအားသွင်းပြီး တနေ့လုံးအသုံးခံနေမှာပါ။
Oppo Reno 13F
1,399,900 Ks
Plume Purple
ပါးပါးလျလျ Premium Design လေးနဲ့ Oppo Reno 13F မှာ 6.67 ” AMOLED, 120Hz Display ဖြစ်တဲ့အပြင် Mediatek Helio G100 (6 nm)ကိုသုံးထားတဲ့အတွက် ရုပ်ထွက်ပိုင်းစိုတောက်နေပြီး သုံးရတာသွက်နေစေမှာပါ။ Main Camera 50 MP နဲ့ Selfie Camera 32 MP ဆိုတော့ ရိုက်ချက်တိုင်းကကြည်လင်မိမိုက်နေမှာနော်။ IP69 dust/water resistant နဲ့ဆိုတော့ ရေစိုခံနိုင်ရုံတင်မက ရေစိမ်လည်းခံတာမို့ စိတ်မပူဘဲ အေးဆေး ပုံရိပ်တွေကို မှတ်တမ်းတင်လို့ရမှာပါ။ 5800 mAh Battery ကို 45W Fast Charging နဲ့မို့လို့ ခဏပဲအားသွင်းပြီး အကြာကြီးအသုံးခံနေမှာပါနော်။








