Remax RPP-117 (Piloteer Series 50000mAh Power Bank)
170,000 KsBattery Capacity များများနဲ့ Portable လည်းဖြစ်တဲ့ Power Bank ဆိုရင်တော့ Remax ရဲ့ RPP-117 Piloteer Series 50000mAh Power Bank လေးရှိပါတယ်။ သူ့မှာက 27W Maximum Output အထိ Support ထားပြီး USB Output 2 Ports အပြင် အားပြန်ဖြည့်ဖို့ Micro input 1 Port နဲ့ Input ရော Output ပါရတဲ့ Type-C Port နောက်တခုလည်းပါဝင်ပါတယ်။ အားလက်ကျန်ကို အလွယ်တကူစစ်ကြည့်နိုင်တဲ့ LED Display ပါလာပြီး လက်ကိုင်ကိုင်းလည်းပါတာမို့ သွားလေရာ သယ်သွားဖို့လည်း အေးဆေးပါပဲ။
Remax RPP-177 (Lango II Series) 30000mAh Powerbank
85,000 Ksရိုးရှင်းတဲ့ဒီဇိုင်းလေးနဲ့ RPP-177 ကတော့ USB Output 1 Portရယ် Micro Input 1 Port လေးရယ် Type-C Input/Output Port လေးပါတာမလို့ Device 2 ခုကို တစ်ပြိုင်တည်းအားသွင်းလို့ရစေမှာပါ။ Battery Level ကိုပြပေးမယ့် LED Light လေးလည်းပါတော့ လက်ကျန်အားလေးကို အလွယ်တကူကြည့်လို့ရနိုင်ဦးမှာပါ။
Remax RPP-19 10000mAh Powerbank
75,000 KsPowerbankဆိုရင် ကြိုးပါတာမှကြိုက်တဲ့သူတွေအတွက် RPP-19 လေးကတော့ Built-in Type-C Cable လေးပါတဲ့အပြင် Input 2 ခု Output 3 ခုပါတာကြောင့် Device 3 ခုတစ်ပြိုင်တည်း အားသွင်းလို့ရစေမှာပါ။ LED Digital Power Indicator လေးလည်းပါတာကြောင့် လက်ကျန်အားကို ရှင်းရှင်းလင်းလင်း သိရစေဦးမှာပါ။
Remax RPP-26 (Lango II Series) 20000mAh Powerbank
54,500 Ksသေးသေးလေးနဲ့လက်တစ်ကိုင်စာအရွယ်လေးနဲ့ RPP-26 လေးကတော့ USB output 1 port ရယ် Micro input 1 port ရယ် Type-C input/output 1 port ရယ်ပါတာမလို့ တစ်ခါတည်း device 2 ခုကိုအားသွင်းလို့ရနိုင်မှာပါ။ 20000mAh battery capacity ဖြစ်တာကြောင့် တစ်ကိုယ်စာနေ့စဉ်သုံးမယ်ဆိုရင်လည်းအဆင်ပြေစေမှာပါ။ Battery level ကိုလည်း LED indicator လေးနဲ့ပြပေးသေးတာဆိုတော့ ပေါ့ပေါ့ပါးပါးထသွားထလာလုပ်ဖို့အဆင်ပြေစေမယ့် powerbankလေးဖြစ်ပါတယ်။
Remax RPP-609 Pro (Container Series) 60000mAh Powerbank
190,000 KsBattery capacity များများနဲ့ device များများအားသွင်းဖို့ powerbank ရှာနေရင် RPP-609 Proလေးရှိပါတယ်။ သူ့ capacity က 60000mAh battery ဖြစ်ပြီးတော့ Type-C Input 1 Port ရယ် Type-C Input/Output 1 Port ရယ် USB Output 4 Port ရယ်ပါတာမလို့ Device 5 ခုလောက်ကို တစ်ပြိုင်တည်းအားသွင်းလို့ရနိုင်မှာဖြစ်ပါတယ်။ သူ့မှာ လက်ကျန်အားကိုပြပေးမယ့် LED digital power display လေးပါတဲ့အပြင် LED Fashlight လေးလည်းပါတော့ အရေးပေါ်မီးအနေနဲ့သုံးလို့ရနိုင်ဦးမှာပါ။
Remax RPP-622 (Cynlle Series) 10000mAh Powerbank
52,500 Ksပါးပါးလေးနဲ့ RPP-622 လေးတော့ Type-C Input/Output 1 Port နဲ့ USB Output 2 Port ပါတာမလို့ Device 3 ခုပြိုင်သွင်းလို့ရစေမှာပါ။ လက်ကျန်အားလေးကိုလည်း Digital Display လေးနဲ့ပြပေးပါသေးတယ်။ အရွယ်စားကလည်း လက်တစ်ကိုင်စာလေးမလို့ Hangout ထွက်လို့ယူသွားမယ်ဆိုလည်း အဆင်ပြေစေမှာပါ။
Remax RPP-650 (Dinba Series) 60000mAh Powerbank
299,500 KsPowerbank တစ်လုံးတည်းနဲ့ ဖုန်းရော laptop တွေရောအားသွင်းချင်တဲ့သူတွေအတွက် battery capacity 60000mAh ရှိတဲ့ RPP-650 လေးရှိပါတယ်။ သူလေးက လက်ကျန်အားကို Smart LED display လေးနဲ့ပြပေးတာမလို့ အားလက်ကျန်ကိုလည်း လွယ်လွယ်ကူကူကြည့်လို့ရနိုင်မှာပါ။ 100W (Max) ထွက်တဲ့ type-C output 2 port နဲ့ 22.5W (Max)ထွက်တဲ့ USB output 1 port ပါလို့ device 2 ခုကို တစ်ပြိုင်တည်းအားသွင်းလို့ရလို့ laptop ပဲသွင်းမလား ဖုန်းကိုပဲသွင်းမလား ကြိုက်ရာသွင်းရုံပါပဲ။ လက်ကိုင်လေးလည်းပါလို့ လွယ်လွယ်ကူကူနဲ့ သွားလေရာသယ်သွားရုံပါပဲ။
Remax RPP-653 (Upine Series) 20000mAh Powerbank
190,000 Ksဘယ်သွားသွားသယ်သွားလို့ရမယ့် သေးသေးလေးနဲ့ပေါ့ပါးပြီး ဖုန်းရော laptop တွေရောအားသွင်းချင်တဲ့သူတွေအတွက် Remax RPP-653 လေးရှိပါတယ်။ LED Digital Display နဲ့ဆိုတော့ အားအဝင်အထွက်ကိုလည်း လွယ်လွယ်ကူကူကြည့်လို့ရနိုင်မှာပါ။ Type-C input/output port 1 port နဲ့ USB output 1 port ပါတာမလို့ device 2 ခုကို တစ်ပြိုင်တည်းအားသွင်းလို့ရနိုင်မှာဖြစ်ပါတယ်။
Remax RPP-657 (Rellaen Series) 10000mAh Powerbank
49,500 KsRemax ရဲ့ RPP-657 လေးကတော့ built-in Type-C output cable 1 ကြိုးနဲ့ Lightning cable 1 ကြိုးရယ် USB output 2 port ရယ် Type-C input 1 port နဲ့ Micro input 1 port ပါတော့ device 4 ခုကို တစ်ပြိုင်တည်းအားသွင်းလို့ရနိုင်မှာဖြစ်ပါတယ်။ သူက 2.4A quick charging ပါတာမလို့ fast charging ရတဲ့ device တွေဆို အားအဝင်မြန်စေမှာပါ။ သူ့မှာ လက်ကျန်အားကိုပြပေးမယ့် digital display လည်းပါတဲ့အပြင် ပါးပါးသေးသေးလက်တစ်ကိုင်စာလေးဆိုတော့ ဘယ်သွားသွားအလွယ်တကူသယ်သွားလို့ရနိုင်မှာပါ။
Remax RPP-662 (Dinba Series) 25200mAh Powerbank
375,000 Ksသေးသေးလေးနဲ့ လက်တစ်ကိုင်စာ RPP-662 လေးကတော့ USB output 1 port ရယ် Type-C input/output port 2 port ပါပါတယ်။ Type-C port တွေက အများဆုံး 140W အထိရတာမလို့ laptop တွေ tablet တွေပါ အားသွင်းလို့ရနိုင်ပြီးတော့ USB port လေးကတော့ 22.5W အများဆုံး support ပေးပါတယ်။ သူ့မှာ intelligent TFT color display လေးပါတာကြောင့် output current, input current နဲ့ temperature အစရှိတာတွေကိုပြပေးတာမလို့ ခရီးသွားရင်းသုံးရင်လည်းအဆင်ပြေစေမှာပါ။
Remax RPP-686 (Reyluck Series) 20000mAh Powerbank
72,500 Ksကြိုးရှုပ်တာမကြိုက်တဲ့သူတွေအတွက် Remax RPP- 686 လေးမှာတော့ Built-in Type-C Output Cable နဲ့ Lightning Output Cable အပြင် USB Output 1 ပေါက်နဲ့ Type-C Output 1ပေါက်ပါသေးတာမို့ Device 4 ခုကို တစ်ပြိုင်တည်းအားသွင်းလို့ရပါတယ်။ Power Bank လေးကိုအားပြန်ဖြည့်ဖို့အတွက်လည်း Type-C Iutput 1 ပေါက်နဲ့ USB Input Cable လည်းပါတာမို့ အားသွင်းခေါင်းလေးရှိရုံနဲ့ အားပြန်သွင်းလို့ရဦးမှာပါ။ အားလက်ကျန်ပြပေးမယ့် LED digital display နဲ့ဆိုတော့ ပိုအဆင်ပြေပြီပေါ့နော်။
REMAX RPP-71 (Piloteer Series 20W+22.5W PD+QC Fast Charging 10000mAh Power Bank)
55,000 Ksပေါ့ပေါ့ပါးပါးလည်းဖြစ်ရမယ် အားသွင်းမြန်စနစ်လေးလည်းပါချင်တယ်ဆိုတဲ့ သူတွေအတွက် Remax ရဲ့ RPP-71 Piloteer Series 20W+22.5W PD+QC Fast Charging 10000mAh Power Bank လေးရှိပါတယ်။အားလက်ကျန်လေးကိုပြဖို့ Digital Display လေးလည်းပါတဲ့အပြင် သူ့ကိုအားသွင်းဖို့အတွက်ရော သူကနေ Output ထွက်ဖို့အတွက်ရော Fast Charging လေးတွေပါတာမလို့ အသုံးဝင်စေမယ့် Power Bank လေးတစ်လုံးဖြစ်နေမှာ အသေချာပါပဲ။
Remax RPP-96 (Lango Series) 10000mAh Powerbank
37,500 Ksပေါ့ပေါ့ပါးပါးနဲ့ သယ်ရလွယ်ကူတဲ့ RPP-96 လေးကတော့ ကျစ်ကျစ်လျစ်လျစ်လေးနဲ့မလို့ သွားလေရာသယ်လို့ရစေမှာပါ။ Output USB Port 2 Port နဲ့ဆိုတော့ Device ၂ခုကို တစ်ပြိုင်နက်သုံးလို့ရစေမှာပါ။ Input အနေနဲ့ Type-C တစ်ပေါက် Micro တစ်ပေါက်လည်းပါပါသေးတယ်။ Battery လေးကိုတော့ LED Battery Display လေးနဲ့ပြပေးထားပါတယ်။












