Huawei Nova Y62
479,000 KsSimple ဖြစ်တဲ့ Design အကြမ်းစား Battery နဲ့ Huawei Nova Y62 မှာ Octa-Core HiSilicon KIRIN 710 Soc ကို သုံးထားပြီး LCD, with 60 Hz frame refresh rate Display နဲ့မို့လို့ Daily Use အတွက် အဆင်ပြေစေမှာပါ။ 50MP Main Camera နဲ့ 5 MP Front Camera ကြောင့် ပုံရိပ်တွေကိုကြည်ကြည်လင်လင် ရိုက်ကူးနိုင်မယ့်အပြင် Battery ကလည်း 5000mAh ကိုမှ 22.5W Fast Charging နဲ့ အားပြန်ဖြည့်ပြီးသုံးနိုင်မှာပါ။
Infinix Smart 8
329,900 KsInfinix Smart 8 ကတော့ Display ပိုင်းမှာ 6.6 inches IPS LCD Display ကို အသုံးပြုပေးထားလို့ Social Media အတွက်သုံးမယ်ဆိုလည်း မြင်ကွင်းကျယ်ကျယ်နဲ့ကြည့်လို့ကောင်းပါတယ်နော်။
13 MP main camera လေးကိုသုံးထားတာဖြစ်ပြီး Selfie camera လေးမှာတော့ 8 MP ကို ထည့်သွင်း အသုံးပြုပေးထားပါတယ်။ Battery Life ကတော့ Li-Po 5000 mAh ဖြစ်တာမို့တစ်ရက်တာ ကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Itel P55
439,900 KsItel P55 က ရိုးရှင်းတဲ့ Design ကို အသုံးပြုပေးထားပြီး Performance ပိုင်းမှာတော့ Unisoc T606 (12 nm) ကို အသုံးပြုပေးထားပါတယ်။
Camera ပိုင်းမှာဆိုရင်လည်း ကျောဘက် Main Camera ကို 50 MP သုံးပေးထားပြီး Selfie အတွက်လည်း 8 MP ကို အသုံးပြုပေးထားပါတယ်။Display အတွက် IPS LCD သုံးပေးထားပြီး Screen Size 6.6 inches ကျယ်ပါတယ်။
ဒါ့အပြင် 5000mAh Battery ပါဝင်တာမို့ တစ်နေ့လုံး အေးဆေးသုံးနိုင်ပါတယ်။
Oppo A18
419,900 KsOppo A18 လေးကတော့ 5000 mAh Battery ပါတော့ တစ်နေ့စာအတွက် လုံလုံလောက်လောက်လေးသုံးနိုင်မှာပါ။
Black Cover Design လေးကလည်း Glowing Design နဲ့ဆိုတော့ လူငယ်တွေ အကြိုက်ပေါ့။
နောက်ပြီး Main Camera ကို 8 MP (wide) နဲ့ 2 MP (depth) လေးတွေသုံးထားပေးပြီး Selfie Camera ကိုလည်း 5 MP (wide) ကိုသုံးပေးထားပါသေးတယ်။
Samsung A05S
779,000 Ks – 849,000 Ks6.7 inches ရှိတဲ့ Screen Size နဲ့ Samsung A05Sက PLS LCD Display ကိုသုံးထားပါတယ်။ ရုပ်ရှင်ကြည့်ဖို့နဲ့ Social Media တွေအတွက် သုံးလို့ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ နောက်ပြီး Main Camera အနေနဲ့က 50 MP Triple cameraဖြစ်ပြီးPerformance ကောင်းကောင်းနဲ့သုံးနိုင်မှာဖြစ်သလို 5000mAh ပါဝင်လို့ တစ်နေတာလုံး စိတ်ကြိုက်သုံးဖို့အဆင်ပြေပါတယ်။ အရောင်အနေနဲ့က Black, Green, Silver ဆိုပြီး (3) မျိုးထွက်ရှိထားပါတယ်။
Xiaomi Civi 3 (5G) ( China Version )
1,140,000 Ks – 1,280,000 KsXiaomi ထဲမှာ လူကြိုက်များပြီး ကင်မာရာ အကောင်းဆုံးဆိုတဲ့ Xiaomi Civi 3 လေးက 6.55 inches AMOLED Display နဲ့ 50 MP Main camera လေးနဲ့အတူလှပတဲ့အမှတ်တရတွေကိုလည်း ပုံဖြစ်လှလှပပသိမ်းထားနိုင်ပြီး Video တွေကိုလည်း 4K@30fps အထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
Selfie camera လေးကိုလည်း 32 MP Dual camera အထိအသုံးပြုထားပြီး Video တွေကိုလည်း 1080p@30/60fps အထိရိုက်ကူးနိုင်တာမလို့ Vlogger တွေနဲ့ Selfie camera ကိုအသုံးများတဲ့သူတွေအတွက်ဆိုသင့်တော်ပါတယ်။
Performance အနေနဲ့ Mediatek Dimensity 8200 Ultra (4 nm) ကိုအသုံးပြုထားတာမို့ Game ဆော့မယ်ဆိုလည်း အဆင်ပြေပါတယ်။
Battery Life ကတော့ Li-Po 4500 mAh ဖြစ်ပါဝင်ပြီး 67W fast charging အားသွင်းစနစ်ပါဝင်ပါသည်။






