Beats Solo 4 Wireless Headphone (Original)
805,000 Ksအရောင်ငြိမ်ငြိမ် Classic Design လေးနဲ့ Solo 4 လေးကတော့ Music Lover လေးတွေ အကြိုက်တွေ့စေမှာပါ။ Upgraded လုပ်ထားတဲ့ Custom-Built Acoustic Architecture ကြောင့် ဇာတ်ကားကြည့်မလား ဂိမ်းပဲဆော့မလား သီချင်းနားထောင်ရုံပဲလား အလိုရှိသလိုသုံးရုံပါပဲ။ Ultra Plush Ear Cushion လေးကြောင့် တပ်ထားရင်လည်း သက်တောင့်သက်သာဖြစ်ပြီးတော့ တစ်ခါအားသွင်းထားလိုက်ရုံနဲ့ အကြာကြီးသုံးလို့ရစေမှာပါ။ iOS ရော Android ရော 2မျိုးလုံးနဲ့ အလွယ်တကူချိတ်ဆက်လို့ရတာမလို့ စိတ်တိုင်းကျသုံးလို့ရစေမယ့် Headphone လေးဖြစ်ပါတယ်။
JBL Live 670 NC Wireless Headphone
679,000 Ksပတ်ဝန်းကျင်ရဲ့ဆူညံသံတွေဆီကခုန်ထွက်ပြီး တစ်ယောက်တည်းတစ်ကမ္ဘာနေချင်တယ်ဆိုရင် Live 670NC လေးရှိပါတယ်။ သူ့မှာပါတဲ့ noise -sensing mics 4 ခုက ပတ်ဝန်းကျင်ကဆူညံသံတွေကို လျှော့ချပေးတာမလို့ အေးအေးဆေးဆေးသံစဉ်တွေထဲစီးမျှောလို့ရနိုင်ပြီးတော့ Smart Ambientလေးကြောင့် headphone ကိုချွတ်စရာမလိုပဲ ပတ်ဝန်းကျင်ကအသံတွေကို နားထောင်လို့လည်းရနိုင်ဦးမှာပါ။ Playtime ကလည်း 50 နာရီနီးပါးမလို့ သီချင်းပဲနားထောင်မလား ဇာတ်ကားကြည့်မလား တစ်နေကုန်တစ်ဝကြီးသုံးလို့ရနိုင်မှာပါ။ နူးညံ့တဲ့ earကူရှင်လေးတွေနဲ့လုပ်ထားပေးတာကြောင့် ဝတ်ရတာသက်တောင့်သက်သာရှိပြီးတော့ JBL Headphone app လေးနဲ့လည်း sound တွေကို customize လုပ်လို့လည်းရပါသေးတယ်။
JBL Tune-670NC Wireless Headphone
439,000 Ksပေါ့ပေါ့ပါးပါးနဲ့ အသံအားကောင်းတဲ့ Adaptive Noise Cancellation လည်းရတဲ့ အပြင် Wired and Wireless နှစ်မျိုးလုံးသုံးလို့ရတဲ့ JBL Tune-670NC Wireless Headphone လေးက လူငယ်ဆန်တဲ့ Design နဲ့ Up to 70 Hours (with ANC off) လိုမျိုး အကြမ်းစား Battery Life နဲ့မို့ တခါအားသွင်းပြီး စိတ်ကြိုက် Chill ရုံပါပဲ။ Bluetooth Device နှစ်ခုကိုလည်း တပြိုင်တည်းချိတ်ပြီး သုံးနိုင်လို့ Tablet နဲ့ ရုပ်ရှင်ကြည့် သီချင်းနားထောင်နေတဲ့အချိန် Phone Call တွေလွတ်သွားတာမျိုးမရှိနိုင်တော့ပါဘူး။
REMAX RB-100HB Wireless Headphone
45,500 Ksရိုးရိုးရှင်းရှင်း Foldable Design နဲ့ သံစဉ်လေးတွေကို ခံစားဖို့အတွက်ဆို Remax ရဲ့ RB-100HB လေးရှိပါတယ်နော်။ Ear Cushions လေးတွေကအစ Leather နဲ့ဆိုတော့ နားနာမှာစိုးရိမ်စရာမလိုတဲ့အပြင် သက်တောင့်သက်သာဖြစ်စေမှာပါ။Built-in ပါတဲ့ microphone လေးကြောင့် ကြည်လင်တဲ့ဖုန်းခေါ်ဆိုမှုတွေကိုခံစားလို့ရစေမှာပါ။ Battery Capacity 400mAh ဖြစ်လို့ 2နာရီအားသွင်းရုံနဲ့ 15 နာရီဝန်းကျင်လောက်ထိနားဆင်နိုင်ဦးမှာပါ။ Low Latency ကြောင့် အသံနောက်ကျတာကိုမကြိုက်တဲ့ Gamer တွေအတွက်လည်း အဆင်ပြေစေမှာပါ။
REMAX RB-602HB Wireless Headphone
79,500 Ksသာယာတဲ့သံစဉ်လေးတွေကို ခံစားနိုင်ဖို့အတွက်ဆို Remax RB-602HB လေးက အဆင်ပြေစေမှာပါ။ 40mm Large Drivers နဲ့ဆိုတော့ ကောင်းမွန်တဲ့ အသံ quality နှင့်သံစဉ်တွေကြားမှာ နစ်ဝင်နေသလိုခံစားရစေမယ့်အပြင် Passive Noise cancelling လေးပါတာမလို့ ပတ်ဝန်းကျင်ကအသံတွေကိုဖယ်ရှားပေးပြီး အေးအေးဆေးဆေးသံစဉ်လေးတွေ စီးမျှောရုံပါပဲ။ Built-in ပါတဲ့ microphone လေးကြောင့် ကြည်လင်တဲ့ဖုန်းခေါ်ဆိုမှုတွေကိုခံစားလို့ရစေမှာပါ။Game Mode ပြောင်းပြီးသုံးမလား အသံထွက်ကအစ ရှယ်မိမိုက်နေမှာပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ သက်တောင့်သက်သာဖြစ်စေမယ့်ဒီဇိုင်းလေးနဲ့ပြုလုပ်ထားပြီးတော့ နူးညံ့တဲ့ear pads လေးတွေကြောင့် နားကြပ်ကိုတစ်နေကုန်တပ်ထားရင်တောင် သက်တောင့်သက်သာဖြစ်နေစေမှာပါနော်။Battery Life ကလည်း 800 mAh ဆိုတော့ အကြာကြီးအသုံးပြုချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။
Remax RB-705HB Wireless Headphone
55,000 Ksပေါ့ပေါ့ပါးပါး Foldable Design နဲ့ နူးညံ့တဲ့သံစဉ်လေးတွေကို ခံစားဖို့အတွက်ဆို Remax RB-705HB လေးကိုရွေးချယ်လို့ရပြီနော်။40mm Large Drivers နဲ့ဆိုတော့ ကောင်းမွန်တဲ့ အသံ quality နှင့်သံစဉ်တွေကြားမှာ နစ်ဝင်နေသလိုခံစားရစေမှာပါ။သက်တောင့်သက်သာဖြစ်စေမယ့်ဒီဇိုင်းလေးနဲ့ပြုလုပ်ထားပြီးတော့ နူးညံ့တဲ့ear pads လေးတွေကြောင့် နားကြပ်ကိုတစ်နေကုန်တပ်ထားရင်တောင် အဆင်ပြေနေမှာပါနော်။ Battery Life ကလည်း 800 mAh ဆိုတော့ အကြာကြီးအသုံးပြုချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ Playtime အတွက်ဆို 4 နာရီလောက်အားသွင်းထားရုံနဲ့ 18 နာရီဝန်းကျင်လောက်ထိနားဆင်နိုင်ဦးမှာပါ။နေရာယူမှာကြောက်တဲ့သူအတွက်လည်း Ear Pads လေးကိုခေါက်ထားလို့လည်း ရသေးတယ်နော်။အကြိုက်ဆုံးသီချင်းတွေပဲ နားထောင်ချင်တာမျိူးဆို TF Card Slot ပါတာမို့ အေးဆေး Chill ရုံပါပဲ။
Remax RB-980HB Wireless Headphone
149,500 KsClassic ဆန်ဆန် Design လေးနဲ့ Remax RB-980HB လေးကတော့ နူးညံ့တဲ့သံစဉ်လေးတွေကို ခံစားဖို့အတွက်ဆိုအဆင်ပြေပါတယ်။Active Noise cancelling လေးပါတာမလို့ ပတ်ဝန်းကျင်ကအသံတွေကိုဖယ်ရှားပေးပြီး အေးအေးဆေးဆေးသံစဉ်လေးတွေ စီးမျှောရုံပါပဲ။ Headphone တစ်ခုတည်းကို ဖုန်းနှစ်လုံးချိတ်ဆက်လို့ရပြီး ဖုန်းခေါ်ဆိုမှူအပြင် Gaming ပိုင်းမှာလည်း Low Latency Mode ဖြစ်လို့အဆင်ပြေစေမှာပါ။Battery Life ကလည်း 800 mAh ဆိုတော့အကြာကြီးအသုံးပြုချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ Playtime အတွက်ဆို ၃ နာရီလောက်အားသွင်းထားရုံနဲ့နာရီအတော်ကြာကြာထိနားဆင်နိုင်ဦးမှာပါ။
Sony WH-1000XM5 Wireless Headphone
1,480,000 Ksတစ်ခါတစ်ရံ သီချင်းလေးငြိမ့်ရင်း တစ်ယောက်တည်းတစ်ကမ္ဘာနေချင်တဲ့သူတွေအတွက် WH-1000XM5 လေးကအဆင်ပြေစေမှာပါ။ သူက microphone 8 ခုတောင်ပါတာမလို့ သီချင်းသံတွေကိုစိတ်ကြိုက်ခံစားလို့ရစေမှာပါ။ Noise cancelling လည်းပါတာမလို့ ပြင်ပကဆူညံသံတွေကိုလည်း လျှော့ချပေးမယ့်အပြင် ဖုန်းခေါ်ဆိုမှုတွေကိုလည်း ကြည်လင်တဲ့ဖုန်းခေါ်ဆိုမှုလေးဖြစ်စေဦးမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ နူးညံ့တဲ့လည်သာလေးကြောင့် နားနာမှာလည်းစိုးရိမ်စရာပဲ သွားတဲ့နေရာတိုင်းတပ်ထားလို့ရတော့ WH-1000XM5 လေးနဲ့အေးဆေးငြိမ့်နေရုံပါပဲ။
Sony WH-CH520 Wireless Headphone
260,000 Ksသီချင်းသံလေးတွေကို quality ကောင်းကောင်းလေးခံစားနိုင်ဖို့ WH-CH520 လေးရှိပါတယ်။ Built-in ပါတဲ့ microphone လေးကြောင့် ကြည်လင်တဲ့ဖုန်းခေါ်ဆိုမှုတွေကိုလုပ်လို့ရမယ့်အပြင် ကြည်လင်တဲ့သံစဉ်လေးတွေကိုလည်း ခံစားလို့ရစေမှာပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ သက်တောင့်သက်သာဖြစ်စေမယ့်ဒီဇိုင်းလေးနဲ့ပြုလုပ်ထားပြီးတော့ နူးညံ့တဲ့ear pads လေးတွေကြောင့် နားကြပ်ကိုတစ်နေကုန်တပ်ထားရင်တောင် သက်တောင့်သက်သာဖြစ်နေစေမှာပါ။








