WIWU 12.9″ (Parallel Hardshell IPADS & 13.3″ MACBOOK) Bag
90,000 KsiPad နဲ့ Macbook 13.3″ အရွယ်တွေအတွက် Gadget အစုံအလင်ထည့်ဖို့ နေရာလေးတွေအကန့်လေးတွေအများကြီးပါတဲ့အိတ်ရှာနေရင်တော့ ဒီ WIWU 12.9″ (PARALLEL HARDSHELL IPADS & 13.3″ MAC BOOK) Bag လေးက ကွက်တိပဲနော်။
အိတ်လေးကလည်း တောင့်တောင့်တင်းတင်းလေးနဲ့အကြမ်းခံသေးတယ်။အတွင်းထဲမှာလည်း Gadget Accessories တွေထည့်ဖို့အတွက်လည်း အကန့်တွေအများကြီးထည့်ထားပေးလို့ အားလုံးကို သီးသန့်လေးထားရမှ စိတ်ချမ်းသာတဲ့သူတွေအတွက်ကတော့ လုံးဝအမိုက်စားပဲ။
လက်ကနေ ပေါ့ပေါ့ပါးပါးသယ်သွားဖို့အတွက်လက်ကိုင်လေးလည်းပါတဲ့အပြင် လွယ်သွားဖို့အတွက်လည်း ကြိုးလေးပါသေးတယ်နော်။
Wiwu 14″ (Genius Comboset Laptop Bag with Mouse and Mouse Pad)
75,500 Ksအပြင်သွားတိုင်း Laptop ယူသွားတတ်တဲ့ သူတွေအတွက် ရေစိုလည်းခံပြီး Mouse နဲ့ Mouse Pad အတွဲလိုက်လည်းပါတဲ့ Wiwu 14″ (Genius Comboset Laptop Bag with Mouse and Mouse Pad) လေးရှိပါတယ်။ Multi-Pocket Design နဲ့ Ergonomic Size ကြောင့် ကိုယ့်ရဲ့ Gadget လေးတွေကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျသယ်သွားနိုင်ပါပြီ။
WIWU 14″ (MINIMALIST LAPTOP SLEEVE FIT MAC BOOK AIR)
45,000 KsMacbook Air တွေအတွက် Fit ဖြစ်ဖြစ်နဲ့ ကျစ်ကျစ်လစ်လစ် Laptop Bag လေးရှာနေတယ်ဆိုရင် ဒီ WIWU 14″ (MINIMALIST LAPTOP SLEEVE FIT MACBOOK AIR) လေးရှိတယ်နော်။
Design လေးကလည်း Minimalist ဖြစ်ပြီး ကပ်ကပ်ရပ်ရပ်လေးနဲ့ နေရာလည်းသိပ်ယူမှာမဟုတ်ပါဘူး။
ရိုးရိုးရှင်းရှင်းလေးနဲ့ သုံးထားတဲ့ Material တွေကြောင့် မိုးစိုမှာစိတ်ပူရတာမျိုးလေးတွေလည်းမရှိတော့လို့ Style ကျကျနဲ့ စိတ်ချလက်ချသယ်သွားတယ်နော်။
WIWU 14” Minimalist Laptop Bag
52,500 Ksအိတ်ကြီးကြီး အကန့်ကျယ်ကျယ် အိတ်များများမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ဒီ WIWU 14” Minimalist Laptop Bag လေးက ကွက်တိပဲ။
အတွင်းဘက်ရဲ့ ဘေးဘောင်လေးနဲ့ပတ်ပတ်လည်ကိုပါ ဂွမ်းသားလို့ နူးနူးညံ့ညံ့လေးသုံးထားပေးလို့ အပွန်းရာ အစင်းရာတွေဖြစ်မှာမစိုးရိမ်ရတော့ဘူးနော်။ဒုတိယမြောက်အကန့် အိတ်အကြီးရဲ့အတွင်းပိုင်းမှာလည်း Laptopရဲ့ သက်ဆိုင်တဲ့ Gadgetတွေနဲ့ တခြား gadget တွေထည့်သွားဖို့လည်း နေရာအကျယ်ကြီးပါသေးတယ်။
စမတ်ကျကျ လက်ကကိုင်ပြီး ယူသွားနိုင်သလို ၊ စတီးစလွယ်ချိတ်ပါတော့ အထာကျကျ လွယ်သွားချင်လည်းအဆင်ပြေပါတယ်။
WIWU 14″(VIVI Laptop Handbag ) Bag
45,500 KsLaptop တွေနဲ့ Macbook 14″ အရွယ်တွေကို Accessories တွေနဲ့အတူတစ်ခါတည်းပေါင်းပြီးသယ်တတ်တဲ့သူတွေကတော့ ဒီ WIWU 15.6″(VIVI Laptop Handbag ) Bag လေးကိုဆောင်ထားသင့်ပါတယ်။
အိတ်ရဲ့အရှေ့ဘက်မှာ အကန့်လေးသတ်သတ်ပါလို့ Gadget တွေပါသယ်တတ်တဲ့သူတွေအတွက်အဆင်ပြေဆုံးပဲ။
ပြီးတော့ ရေစိုလည်းခံတော့ မိုးရွာနေရင်တောင် အလုပ်လုပ်ဖို့စိုင်းပြင်းနေတဲ့သူတွေအတွက်ကွက်တိပဲ။
လက်ကိုင်အတွက်လည်းပါတော့ Style ကျကျနဲ့ ရုံးသွားရုံးပြန်လုပ်နိုင်ပြီပေါ့။
WIWU 15.6″ (MINIMALIST LAPTOP BAG)
59,500 KsLaptop တွေနဲ့ Macbook 15.6″ အရွယ်တွေကို Accessories တွေနဲ့အတူတစ်ခါတည်းပေါင်းပြီးသယ်တတ်တဲ့သူတွေကတော့ ဒီ WIWU 15.6″(VIVI Laptop Handbag ) Bag လေးကိုဆောင်ထားသင့်ပါတယ်။
အိတ်ရဲ့အရှေ့ဘက်မှာ အကန့်လေးသတ်သတ်ပါလို့ Gadget တွေပါသယ်တတ်တဲ့သူတွေအတွက်အဆင်ပြေဆုံးပဲ။
လက်ကိုင်အတွက်လည်းပါတော့ Style ကျကျနဲ့ ရုံးသွားရုံးပြန်လုပ်နိုင်ပြီပေါ့။
WIWU 15.6″ (PILOT SLEEVE) Bag
59,500 KsLaptop တွေနဲ့ Accessories တွေကိုသယ်သွားဖို့ Quality ကောင်းတဲ့ Laptop Bag လေးတွေရှာနေတယ်ဆိုရင် ဒီ WIWU 15.6″ (PILOT SLEEVE) Bag လေးရှိပါတယ်နော်။ဘေးဘောင်လေးတွေကိုလည်း ကာကွယ်ပေးနိုင်တော့ ကိုယ့်ရဲ့တန်ဖိုးကြီး Laptop/ Macbook တွေကိုအပွန်းအစင်းဖြစ်သွားမှာစိတ်မပူရဘူးနော်။အရှေ့ဘက်မှာလည်း အကန့်လေးသတ်သတ်ပါသေးတော့ အကုန်ပေါင်းပြီးထည့်လို့ အပွန်းအစင်းတွေဖြစ်မှာမစိုးရိမ်ရတော့ဘူးပေါ့။သွားလေရာသယ်သွားဖို့အတွက်ကိုလည်း လက်ကိုင်လေးပါသေးတော့ အဆင်အပြေဆုံးပဲပေါ့။
WIWU 15.6″(VIVI Laptop Handbag ) Bag
49,500 KsLaptop တွေနဲ့ Macbook 15.6″ အရွယ်တွေကို Accessories တွေနဲ့အတူတစ်ခါတည်းပေါင်းပြီးသယ်တတ်တဲ့သူတွေကတော့ ဒီ WIWU 15.6″(VIVI Laptop Handbag ) Bag လေးကိုဆောင်ထားသင့်ပါတယ်။
အိတ်ရဲ့အရှေ့ဘက်မှာ အကန့်လေးသတ်သတ်ပါလို့ Gadget တွေပါသယ်တတ်တဲ့သူတွေအတွက်အဆင်ပြေဆုံးပဲ။
ပြီးတော့ ရေစိုလည်းခံတော့ မိုးရွာနေရင်တောင် အလုပ်လုပ်ဖို့စိုင်းပြင်းနေတဲ့သူတွေအတွက်ကွက်တိပဲ။
လက်ကိုင်အတွက်လည်းပါတော့ Style ကျကျနဲ့ ရုံးသွားရုံးပြန်လုပ်နိုင်ပြီပေါ့။
WIWU 15.6″/16″ MINIMALIST LAPTOP SLEEVE LAPTOP BAG
47,500 KsMacbook 15.6″ / 16″ တွေအတွက် အိတ်လေးရှာနေရင်တော့ ဒီရဲ့ WIWU 15.6″/16″ MINIMALIST LAPTOP SLEEVE LAPTOP BAG လေးကအကောင်းဆုံးပဲနော်။
ကိုယ့်ရဲ့ တန်ဖိုးကြီး Macbook တွေကို မထိခိုက်အောင်ကာကွယ်နိုင်ဖို့နဲ့ ပစ္စည်းလေးတွေကို စနစ်တကျသယ်သွားဖို့ တကယ်ကိုလိုအပ်တဲ့အိတ်လေးပါပဲ။
Design လေးကလည်း Minimalist ဖြစ်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ သုံးထားတဲ့ Material တွေကြောင့် မိုးစိုမှာစိတ်ပူရတာမျိုးလေးတွေလည်းမရှိတော့လို့ Style ကျကျနဲ့ စိတ်ချလက်ချသယ်သွားနိုင်ပြီပေါ့။
Wiwu Alpha Anti-Theft Clutch Bag
75,500 Ksအပြင်သွားတိုင်း အရေးကြီးတဲ့ ပစ္စည်းတွေကို ကိုယ်နဲ့မကွာစောင်ထားတတ်သူတွေအတွက် Light Weight လည်းဖြစ် ကျစ်ကျစ်လစ်လစ်နဲ့ စိတ်လည်းချရတဲ့ အိတ်ကောင်းကောင်းလေးတလုံးကတော့ မရှိမဖြစ်ပဲပေါ့။ Wiwu Alpha Anti-Theft Clutch Bag လေးကတော့ PU Leather Material ကိုသုံးထားပေးပြီး Dual Lock Zip ကိုမှ Privacy Pocket နဲ့မို့လို့ Security ပိုင်းလည်းစိတ်ချရတဲ့ အိတ်တလုံးပါပဲ။
Wiwu Elites Backpack
195,000 Ksအကြမ်းခံတဲ့ Material နဲ့ Device တော်တော်များများအတွက် Fit ဖြစ်နေမယ့် Organizer Pocket တွေနဲ့ Smart ကျတဲ့ Wiwu Elites Backpack လေးက Water Resistance Material ကိုသုံးထားလို့ တော်ရုံရေစိုတာလောက်တော့စိတ်ပူဖို့မလိုတော့ဘူးပေါ့။ 15.6″ Size ကိုမှ Compact Build နဲ့မို့ ရုံးသွားကျောင်းသွား လွယ်သွားလည်း အထာကျနေမယ့် Backpack ပါပဲ။
Wiwu Hali Travel Pouch H1
65,000 Ksခရီးသွားရင် ဖုန်းတွေ powerbank တွေ cableကြိုးတွေကို စတိုင်ကျကျနဲ့တစ်စုတစ်စည်းတည်း သယ်ချင်တဲ့သူတွေအတွက် Wiwu ရဲ့ Hali Travel Pouch H1 လေးရှိပါတယ်။ သူက polysterသားရယ် microfiber သားရယ်နဲ့ပြုလုပ်ထားပြီးတော့ ရေစိုလည်းခံပါသေးတယ်။ လည်သာလက်ကိုင်ကွင်းလေးရယ် ဘေးမှာလည်း coded lock လေးလည်းပါတာမလို့ လုံခြုံမှုအပြည့်နဲ့ ပေါ့ပေါ့ပါးပါးသယ်သွားလို့ရနိုင်မှာဖြစ်ပါတယ်။
WIWU Minimalist Backpack Bag
79,500 KsLaptop, Macbook နဲ့ Tablet တွေအပြင် Gadget တွေစုံစုံလင်ထည့်ဖို့ အကန့်ကျယ်ကျယ်ပါလို့ စုံစီနဖာသယ်သွားတတ်တဲ့ သူတွေအတွက် Wiwu Minimalist Backpack လေးကကွက်တိပဲနော်။
အကန့်ကျယ်သုံးကန့်ပါတော့ Laptop, MacBook တွေအပြင် တစ်ခြား Life Style Gadget တော်တော်များများဝင်ဆံ့တဲ့အိတ်လေးပါ။ Comfort ဖြစ်စေတဲ့လက်ကိုင်ကိုင်းလေးအပြင် ဆွဲရလွယ်ကူတဲ့ YKK Zipper အသုံးပြုပေးထားပြီး နှစ်ထပ်ဇစ် ဒီဇိုင်းကြောင့် သုံးရတာအဆင်ပြေတာပေါ့။
စားပွဲပေါ်တင်ပြီးထောင်ထားရင်လည်း လဲမကျသွားအောင် အိတ်ရဲ့အောက်ခြေကိုပြုလုပ်ပေးထားပြီး အတွင်းက အိတ်အကန့်တွေမှာထည့်ထားတဲ့ပစ္စည်းတွေ ရောမသွားဖို့ Velcro Sticker ပါထည့်သွင်းပေးထားပါတယ်။
Wiwu Pilot Travel Pouch
29,500 Ksအားသွင်းကြိုးတွေ charger တွေကို ခရီးသွားရင်းကျန်ခဲ့တဲ့သူတွေ ခနခနပျောက်တတ်တဲ့သူတွေ အထားမှားတတ်တဲ့သူတွေအတွက် Wiwu ရဲ့ Pilot travel pouch လေးရှိပါတယ်။ သူ့အတွင်းထဲမှာ အားသွင်းကြိုးတို့ charger တို့ နားကြပ်တို့ထည့်စရာ အကန့်လေးတွေလည်းပါတဲ့အပြင် အပြင်မှာလည်း ထည့်စရာအိတ်တစ်ထပ်ပါပါသေးတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခေါက်လို့လည်းရ ရေစိုလည်းခံတော့ ဘယ်သွားသွားယူသွားလို့ရတော့ အဆင်ပြေစေမှာပါ။
Wiwu WM105(Crystal Wireless Mouse)
55,000 KsDesign ဆန်းဆန်း Features အလန်းလေးတွေနဲ့ WIWU WM105(Crystal Wireless Mouse) လေးကတော့ 400mAh Battery Capacity နဲမို့ အားတခါသွင်းပြီး 6Hrs လောက်အထိ အေးဆေးသုံးရုံပါပဲ ။ သူ့မှာက Dual Mode လည်းပါတဲ့အပြင် Laptop နဲ့လည်း အားပြန်ဖြည့်ပြီးသုံးနိုင်တာမို့ အားကုန်နေလို့ မသုံးရမှာကိုစိတ်ပူဖို့မလိုတော့ပါဘူး ။
Wiwu WM107 (WIMICE LITE) Wireless Mouse
29,500 Ksပေါ့ပေါ့ပါးပါးဒီဇိုင်းလေးနဲ့ Wiwuရဲ့ WM107 လေးကတော့ ခရီးသွားရင်သယ်သွားမလား ရုံးမှာပဲသုံးမလား ကြိုက်တဲ့နေရာမှာသုံးရုံပါပဲ။ Body လေးကလည်း လူတိုင်းသုံးလို့အဆင်ပြေစေမယ့် size လေးမလို့ သုံးလို့အဆင်ပြေစေမှာပါ။ သူ့ရဲ့ battery capacity ကတော့ 450mAh လေးကိုသုံးပေးထားပါတယ်။















