Black Shark Funcooler 4 Cooling Fan
135,000 KsBlack Sharkရဲ့ Funcooler 4 ကတော့ oversized semiconductor cooler လေးပါတော့ အပူချိန်ကို 32°C အထိလျှော့ချပေးနိုင်ပါတယ်။ သူ့ရဲ့ unidirectional stretch design လေးကြောင့် stand ကိုပဲဖြစ်ဖြစ် ဖုန်းကိုပဲဖြစ်ဖြစ် စိတ်ကြိုက်တပ်ဆင်လို့ရနိုင်စေမှာပါ။ အပေါ်အောက်နှစ်ဖက်လုံးလေထွက်တဲ့ဒီဇိုင်းလေးမလို့ ဂိမ်းဆော့ရင်းဖုန်းပူနေလို့တပ်ထားရင်တောင် လေပူတွေကလက်ဆီကိုရောက်မှာမဟုတ်တော့ ရှယ်ပလန်နဲ့ ဂိမ်းစိတ်ကြိုက်ဆော့ရုံပါပဲ။
Jisulife Life 4 Handheld Fan
88,000 KsLife 4 Handheld Fan လေးကတော့ Speed 5 ခုကို စိတ်ကြိုက်ချိန်ညှိနိုင်ပြီးတော့ လက်ကျန် Battery ကို Digital LED Display လေးနဲ့ပြပေးပါသေးတယ်။ Battery Capacity 5000mAh ကိုမှာ Type-C Charging Port လေးနဲ့ဆိုတော့ အားသွင်းဖို့ကို ခေါင်းခြောက်စရာမလိုပါဘူး။
Jisulife Life 5 Handheld Fan
48,000 Ksပူပြင်းလွန်းတဲ့အပူဒဏ်ကို အံ့တုဖို့ဆို အကောင်သေးပေမယ့် လေအားပြင်းတဲ့ Jisulife Life 5 Handheld Fan လေးရှိပါတယ်။ စိတ်ကြိုက် airflow ကို ပြောင်းဖို့ level 3 ခုပြီးတော့ ဖွင့်ထားရင်လည်း အသံဆူညံမှူကို လျော့ချပေးထားပါတယ်။4500mAh Battery ကိုလည်း Type C Port နဲ့ အားပြည်ဖြည့်ပြီးသုံးနိုင်တဲ့အပြင် Size လေးကလည်း Portable ဖြစ်လို့ နေရာတော်တော်များများနဲ့ အသင့်တော်ဆုံးပါပဲ။
Jisulife Life 5 Plus Handheld Fan
70,000 Ksနွေပူပူမှာ အအေးဓာတ်လေးရဖို့ဆိုရင် အကောင်သေးပေမယ့် လေအားပြင်းတဲ့ Jisulife Life 5 Plus Handheld Fan လေးရှိပါတယ်။ စိတ်ကြိုက် airflow ကို ပြောင်းဖို့ level 3 ခုပြီးတော့ ဖွင့်ထားရင်လည်း အသံဆူညံမှူကို လျော့ချပေးထားပါတယ်။6000mAh Battery ကိုလည်း Type C Port နဲ့ အားပြည်ဖြည့်ပြီးသုံးနိုင်တဲ့အပြင် Size လေးကလည်း Portable ဖြစ်လို့ နေရာတော်တော်များများနဲ့ အသင့်တော်ဆုံးပါပဲ။
Mi Solove F02 Handheld Fan
40,000 Ksလက်တစ်ဆုပ်စာလေးနဲ့ အပူဒဏ်ကိုအံတုချင်တယ်ဆို ချစ်စရာရောင်လေးတွေနဲ့ သေးသေးကျစ်ကျစ် F02 လေးရှိပါတယ်။ Fan Speed 5 ခုပါပြီး Battery Capacity 3000mAh မလို့ 2 နာရီဝန်းကျင်လောက်သုံးလို့ရစေမှာပါ။ Type-C Charging Port လေးမလို့ အားကုန်သွားရင်လည်း အလွယ်တကူပြန်သွင်းလို့ရတော့ ဘယ်လောက်ပူပူ အေးအေးလေးနဲ့ငြိမ့်လို့ရနေစေမှာပါ။
Mi Solove F03 Handheld Fan
55,000 Ksအကောင်သေးပြီး အဆိပ်ပြင်းတဲ့ သေးကျစ်ကျစ် F03 လေးကတော့ Fan Speed 5 ခုပါတာကြောင့် မအေးမှာစိုးရိမ်စရာမလိုပါဘူး။ Battery Capacity 3000mAh မလို့ 2 နာရီဝန်းကျင်လောက်သုံးလို့ရစေမှာပါ။ Charging Port လေးကလည်း Type-C လေးမလို့ အားကုန်သွားရင်လည်း အလွယ်တကူပြန်သွင်းလို့ရတော့ ဘယ်လောက်ပူပူ အေးအေးလေးနဲ့ငြိမ့်လို့ရနေစေမှာပါ။
Remax F14 Magnetic Clip Fan
35,500 Ksပေါ့ပေါ့ပါးပါးလေးနဲ့သွားလေရာသယ်သွားလို့ရတဲ့ F14လေးကတော့ ကပ်အားကောင်းတဲ့သံလိုက်လေးပါတော့ ကြိုက်တဲ့နေရာမှာကပ်ထားလို့ရတဲ့အပြင် ခုံတွေစားပွဲတွေကိုညှပ်လို့ရတဲ့အညှပ်လေးလည်းပါပါသေးတယ်။ ညှင်သာတဲ့လေထွက်အားလေးကိုမှ speed က 3 ခုဆိုတော့ စိတ်ကြိုက်speedလေးနဲ့အသုံးပြုလိုက်ရုံပါပဲ။ 1200mAh battery လေးကြောင့် 3-5 နာရီလောက်အသုံးပြုလို့ရနိုင်ဦးမှာပါ။ 90° အထိလည်းလှည့်လို့ရပြီး လက်တစ်ကိုင်စာအရွယ်အစားလေးမလို့ ရုံးမှာပဲသုံးမလား အိမ်မှာပဲသုံးမလား နေရာမရွေးအိုကေစေမှာပါ။
Remax F35 (Folding Handheld Fan)
31,500 KsPhone Stand အနေနဲ့ရော Fan အနေနဲ့ပါ အသုံးပြုလို့ရတဲ့ Remax F35 (Folding Handheld Fan) လေးမှာ Wind Speed 3 ဆင့် အထိပါတာမို့လို့ စိတ်ကြိုက်ချိန်ညှိပြီး သုံးနိုင်ပါတယ်။ 1200mAh Battery ကိုလည်း Type C Port နဲ့ အားပြည်ဖြည့်ပြီးသုံးနိုင်တဲ့အပြင် Size လေးကလည်း Portable ဖြစ်လို့ နေရာတော်တော်များများနဲ့ အသင့်တော်ဆုံးပါပဲ။ ခေါက်ထားနိုင်တဲ့ Foldable Body မှာ Speed Level ကိုပြပေးတဲ့ Digital Display လေးလဲပါသေးတာမလို့ ကိုယ်လိုချင်တဲ့ Speed Level လေးကိုလဲ အလွယ်တကူချိန်ပြီး အသေးစိတ်လေးအသုံးပြုလို့ ရနေဦးမှာပါ။
Remax F41 (6″ Wireless Air Circulation Clamp Fan)
34,500 KsAdjustable ဖြစ်လွန်းတဲ့ Body နဲ့ အအေးဓါတ်ကောင်းကောင်းဖြန့်ပေးနိုင်တဲ့ Remax F41 (6″ Wireless Air Circulation Clamp Fan) လေးမှာ Wind Speed 5 ဆင့် အထိပါတာမို့လို့ စိတ်ကြိုက်ချိန်ညှိပြီး သုံးနိုင်ပါတယ်။ 1200mAh Battery ကိုလည်း Type C Port နဲ့ အားပြည်ဖြည့်ပြီးသုံးနိုင်တဲ့အပြင် Size လေးကလည်း Portable ဖြစ်လို့ နေရာတော်တော်များများနဲ့ အသင့်တော်ဆုံးပါပဲ။
Remax RPP-609 Pro (Container Series) 60000mAh Powerbank
190,000 KsBattery capacity များများနဲ့ device များများအားသွင်းဖို့ powerbank ရှာနေရင် RPP-609 Proလေးရှိပါတယ်။ သူ့ capacity က 60000mAh battery ဖြစ်ပြီးတော့ Type-C Input 1 Port ရယ် Type-C Input/Output 1 Port ရယ် USB Output 4 Port ရယ်ပါတာမလို့ Device 5 ခုလောက်ကို တစ်ပြိုင်တည်းအားသွင်းလို့ရနိုင်မှာဖြစ်ပါတယ်။ သူ့မှာ လက်ကျန်အားကိုပြပေးမယ့် LED digital power display လေးပါတဲ့အပြင် LED Fashlight လေးလည်းပါတော့ အရေးပေါ်မီးအနေနဲ့သုံးလို့ရနိုင်ဦးမှာပါ။
Remax RS-SF01 (Transparent Handheld Fan)
23,500 Ksအထာကျကျ အေးနေနိုင်မယ့် အကြည် Design လေးနဲ့ RS-SF01 (Transparent Handheld Fan) လေးကတော့ စိတ်ကြိုက် airflow ကို ပြောင်းဖို့ level 3 ခုရှိပြီးတော့ Icy Engine နဲ့ဆိုတော့ ဖွင့်ထားရင်လည်း အသံဆူညံနေမှာမဟုတ်ပါဘူး။ Battery capacity က 1200mAh ဆိုတော့ 2-3နာရီလောက်သုံးလို့ရနိုင်မှာပါ။ လက်တစ်ကိုင်စာသေးသေးလေးနဲ့ သွားလေရာယူသွားလို့ရတယ်ဆိုတော့ နွေရာသီရဲ့ပူလွန်းတဲ့အပူဒဏ်ကို RS-SF01 နဲ့အေးဆေးကျော်လွှားလိုက်ရုံပါပဲ။
Remax RS-SF02 Handheld Fan
23,500 Ksလက်တကိုင်စာ Body လေးနဲ့ လေအားလည်းကောင်းပြီး Digital Display ပါလို့ အားလက်ကျန်ကို အလွယ်တကူကြည့်လို့ရနိုင်ပါတယ်။ Fan Speed 3 ဆင့် ပါဝင်ပြီး 1200mAh Battery ကို Type C port နဲ့ 2 နာရီလောက် အားသွင်းပြီး 5 နာရီဝန်းကျင်လောက် အသုံးပြုနိုင်တဲ့အပြင် Silent Motor ကို သုံးပေးထားလို့ အသံဆူညနေမှာကိုလည်း စိတ်ပူဖို့မလိုတော့ပါဘူး။
T Pro CLT-CF025 12″ Lontor Rechargeable Table Fan
219,500 Ksပူအိုက်လှတဲ့အပူချိန်ကို အံတုဖို့ဆိုရင် ဒလက်3ခုနဲ့ အလည်လွန်တဲ့ CTL-CF025 လေးရှိပါတယ်။ 2400mAh Battery ကြောင့် 2နာရီဝန်းကျင်လောက် သုံးလို့ရမယ့်အပြင် ဆိုလာလေးနဲ့လည်း အားသွင်းလို့ရသေးတော့ မီးပြတ်ရင်တောင် အေးမြနေဦးမှာပါ။ LED Light လေးလည်းပါတာကြောင့် ညဘက်မှာ အရေးပေါ်မီးအဖြစ်သုံးလို့ရဦးမှာပါ။
T PRO CTL-CF041R 12” Fan
550,000 Ksမီးလာချိန်ဆို အားသွင်းကြိုးတိုက်ရိုက်တပ်ပြီးသုံးရုံပဲ မီးပျက်နေတယ်ဆိုရင်တော့ 4500mAh Lead-Acid Battery နဲ့ အချိန်အကြာကြီး အသုံးပြုနိုင်ပါတယ်။
Wind Mode ကိုမှ Normal / Nature / Sleep ဆိုပြီး (၃)ဆင့်ပြောင်းလဲနိုင်ပြီး မီးပျက်နေချိန် ဘက်ထရီနဲ့ဆိုရင်တော့ (၄)နာရီလောက် အသုံးပြုနိုင်ပါတယ်။
လုပ်ဆောင်ချက်တွေ အများကြီးထိန်းချုပ်နိုင်မယ့် LED Panel မှတစ်ဆင့် လုပ်ဆောင်နိုင်ပြီး Smart Remote Control ပါဝင်လို့ (၆)မီတာ အကွာအဝေးအထိ ထိန်းချုပ်နိုင်ပါသေးတယ်
ရေငွေ့လေးတွေနှင့်အတူ အေးမြစေမယ့် Water Mist ပါဝင်ပါတယ်။
ရေငွေ့လေးလေးတွေ ထွက်လာတယ်ဆိုတာက ပန်ကာရဲ့နောက်မှာ ရေပမာဏ(2.5L) Water Tank ဝင်ဆန့်တာမို့ အကြာကြီးအသုံးခံပါတယ်။
ပြီးတော့ သယ်သွားဖို့ လက်ကိုင်ကိုင်းရယ် Power Button အဖွင့်/အပိတ် ပန်ကာအားပြန်သွင်းဖို့ည DC Port ဖုန်းအားသွင်းဖို့ USB Port 15V DC Solar Charger Port တို့ပါဝင်ပြီး ညအိပ်မီးလည်း ပါဝင်ကာ မီးအား(၂)ဆင့်ထိ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
T Pro CTL-CF096-7 (Rechargeable Fan)
85,500 Ksပေါ့ပေါ့ပါးပါးနဲ့ နေရာမရွေးအေးဆေးတင်ထားပြီး သုံးလို့ရတဲ့ Battery Portable Fan လေးရှာနေတယ်ဆိုရင်တော့ 2200mAh battery နဲ့ Fan Speed 3 Gear အထိပါတဲ့ ပါတဲ့ T Pro CTL-CF096-7 (Rechargeable Fan) လေးက မီးပြတ်ချိန်မှာတောင် လေအေးလေးတွေအဆက်မပြတ်ပေးနေဉီးမှာပါ။ Micro input လေးနဲ့ 3Hrs လောက်အားသွင်းပြီး Fan Speed လေးပေါ်မူတည်ပြီး 2Hrs ကနေ 3Hrs လောက်ထိသုံးလို့ရပါသေးတယ်။ LED မီးနှစ်ဆင့်ကြောင့်လည်း မီးပြတ်နေချိန် မှောင်နေမှာလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။
T Pro CTL-MF027-6 (Rechargeable Mini Fan)
79,500 Ksပေါ့ပေါ့ပါးပါးနဲ့ နေရာမရွေးအေးဆေးတင်ထားပြီး သုံးလို့ရတဲ့ Battery Portable Fan လေးရှာနေတယ်ဆိုရင်တော့ 2400mAh battery နဲ့ Fan Speed 3 Gear အထိပါတဲ့ ပါတဲ့ T Pro CTL-MF027-6 (Rechargeable Mini Fan) လေးက မီးပြတ်ချိန်မှာတောင် လေအေးလေးတွေအဆက်မပြတ်ပေးနေဉီးမှာပါ။ Micro input လေးနဲ့ 4Hrs လောက်အားသွင်းပြီး Fan Speed လေးပေါ်မူတည်ပြီး 4Hrs ကနေ 6Hrs လောက်ထိသုံးလို့ရပါသေးတယ်။ အပေါ်အောက် 120Degree အထိလည်ပေးနိုင်တာမို့ နေရာတခုလုံးကို အအေးဓါတ်ဖြန့်ပေးနိုင်မှာပါ။
T Pro M30 Handheld Fan
21,500 KsT Pro M30 Handheld Fan လေးကတော့ စိတ်ကြိုက် airflow ကို ပြောင်းဖို့ level 3 ခုပြီးတော့ Ultra Silent Operation နဲ့ဆိုတော့ ဖွင့်ထားရင်လည်း အသံဆူညံနေမှာမဟုတ်ပါဘူး။ Battery capacity က 1800mAh ဆိုတော့ 3 to 6 Hours လောက်သုံးလို့ရနိုင်မှာပါ။ ABS Material ကိုမှ 5 inches Pocket Size လေးမို့ သွားလေရာယူသွားဖို့အဆင်ပြေတာကြောင့် နွေရာသီရဲ့ပူလွန်းတဲ့အပူဒဏ်ကို M30 နဲ့အေးဆေးကျော်လွှားလိုက်ရုံပါပဲ။
T Pro Mini Air Cooler
37,500 Ksမီးပြတ်တိုင်း အပူခံနေရတာကို စိတ်ညစ်လို့ ပူလွန်းလို့အပြင်မှာတောင်မနေနိုင်လို့ ပေါ့ပေါ့ပါးပါးနဲ့ အအေးဓါတ်ပေးနိုင်မယ့် အသံလည်းငြိမ် လေကလည်း မစပ်တဲ့ Air Cooler ပိစိလေးကို စဉ်းစားနေရပြီဆိုရင်တော့ 2.2Lb ဝန်းကျင်သာရှိပြီး Power Bank နဲ့လည်း တွဲပြီးသုံးလို့ရတဲ့ T Pro Mini Air Cooler လေးရှိပါတယ်နော်။ Fan လေးကိုလည်း Speed သုံးဆင့်အထိပြောင်းသုံးနိုင်ပြီး သူ့မှာပါဝင်တဲ့ Water Tank လေးကလည်း 750ml ထိထည့်သုံးလို့ရတာမို့ တစ်ကိုယ်စာအေးဖို့ကိုလည်း စိတ်ချနိုင်ပြီပေါ့ ။
T Pro Mini Air Cooler Pro
45,000 Ksမီးပြတ်တိုင်း အပူခံနေရတာကို စိတ်ညစ်လို့ ပူလွန်းလို့အပြင်မှာတောင်မနေနိုင်လို့ ပေါ့ပေါ့ပါးပါးနဲ့ အအေးဓါတ်ပေးနိုင်မယ့် အသံလည်းငြိမ် လေကလည်း မစပ်တဲ့ Air Cooler ပိစိလေးကို စဉ်းစားနေရပြီဆိုရင်တော့ 2Lb ဝန်းကျင်သာရှိပြီး Power Bank နဲ့လည်း တွဲပြီးသုံးလို့ရတဲ့ T Pro Mini Air Cooler Pro လေးရှိပါတယ်နော်။ လက်ဆွဲကိုင်းလေးလည်းပါတော့ သွားလေရာသယ်သွားလို့ရပြီး သူ့မှာပါဝင်တဲ့ Water Tank လေးကလည်း 200ml ထိထည့်သုံးလို့ရတာမို့ တစ်ကိုယ်စာအေးဖို့ကိုလည်း စိတ်ချနိုင်ပြီပေါ့ ။
T PRO TP-PF 1 Portable Fan
73,500 Ksပေါ့ပေါ့ပါးပါးနဲ့ နေရာမရွေးအေးဆေးတင်ထားပြီး သုံးလို့ရတဲ့ Battery Portable Fan လေးရှာနေတယ်ဆိုရင်တော့ 2400mAh battery နဲ့ Fan Speed 4 Gear အထိပါတဲ့ ပါတဲ့ T PRO TP-PF 1 Portable Fan လေးက မီးပြတ်ချိန်မှာတောင် လေအေးလေးတွေအဆက်မပြတ်ပေးနေဉီးမှာပါ။ Type C input လေးနဲ့ 3Hrs လောက်အားသွင်းပြီး Fan Speed လေးပေါ်မူတည်ပြီး 2Hrs ကနေ 3Hrs လောက်ထိသုံးလို့ရပါသေးတယ်။ ဘယ်ညာ 70Degree အထိလည်ပေးနိုင်တာမို့ နေရာတခုလုံးကို အအေးဓါတ်ဖြန့်ပေးနိုင်မှာပါ။
T Pro TP-PF 2 Portable Night Light Fan
59,500 Ksပူလွန်းတဲ့နွေရာသီမှာ မီးပျက်ရင်တောင် T Pro ရဲ့ TP-PF 2 လေးနဲ့ ဇိမ်ယူကြမယ်။ သူ့မှာက ပန်ကာလည်အား အဆင့် 4 ဆင့်ရယ် လည်အားကောင်းတဲ့ဒလက် 5 ခုရယ်ပါတာမလို့ လေအေးလေးတွေခံစားနိုင်စေရမယ့်အပြင် LED light လေးလည်းပါတော့ ညဘက်စာလုပ်တာပဲဖြစ်ဖြစ် စာဖတ်တာပဲဖြစ်ဖြစ် မီးပျက်ရင်တောင် အေးဆေးဖြစ်နေမှာပါ။




















