Amazfit Smart Body Scale
125,000 Ksအိမ်ထဲမှာပဲ အဆီပိုတွေဖယ်ရှားပြီး ကိုယ်အလေးချိန်အတိအကျသိနိုင်ဖို့ Smart Body Scale လေးရှာနေရင် Amazfit Smart Body Scale လေးရှိတယ်နော်။
ခန္ဓာကိုယ်ဖွဲ့စည်းမှု အစိတ်အပိုင်းတွေ ဖြစ်တဲ့ အရိုးရဲ့ သိပ်သည်းဆ ,နှလုံးခုန်နှုန်း ,ရေဓာတ်ပါဝင်မှု ရာခိုင်နှုန်း % ,ခန္ဓာကိုယ်မှာရှိတဲ့ အဆီ ရာခိုင်နှုန်း % ,ကြွက်သား အလေးချိန် ,ပရိုတိန်း အသားဓာတ် ရာခိုင်နှုန်း နှင့် ,Body Mass Index (BMI) အစရှိတဲ့ အစိတ်အပိုင်း (၁၆) ခုကို အဓိကထား ပြပေးပါတယ်နော်။
ဒါ့အပြင် ZEEP App ထဲမှာ Professional Health Reports တွေကို ရှင်းလင်းစွာကြည့်နိုင်လို့ ကိုယ့်ရဲ့ကျန်းမာရေးကို ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့သူတွေအတွက်လည်း ကွက်တိပဲနော်။
Gadget Max GM-09 Wired Earphone
11,000 KsBass သံကောင်းကောင်းလေးနဲ့ သံစဉ်တွေကို ထိထိမိမိခံစားဖို့ဆိုရင် Gadget Max GM-09 Wired Earphone နားကြပ်လေးရှိနေရင်အဆင်ပြေပြီနော်။Silicon နားကြပ်ခေါင်းအိအိလေးနဲ့မို့ နားနာမှာစိုးရိမ်စရာမလိုပါဘူး။
3.5mm Jack နဲ့မို့ ဖုန်းတော်တော်များများနဲ့ တွဲသုံးလို့ အဆင်ပြေပါတယ်။
One Control Button နဲ့ Function တွေကို ထိန်းချုပ်နိုင်ပြီး HD Mic လည်းပါလို့ ဖုန်းပြောရင်လည်း ကြည်ကြည်လင်လင်နဲ့ပြောလို့ရပါတယ်နော်။
Gadget Max GMCC-01 Car Charger
52,500 Ksဖုန်းအားမရှိတာ သိနေလည်း အိမ်မှာကတည်းကမသွင်းဖြစ်ပဲ ကားပေါ်ရောက်မှ သွင်းမယ်ဆိုပြီး Car Charger အားကိုးနဲ့ အပြင်ထွက်တတ်တဲ့သူလေးတွေအတွက် Functions အစုံပါတဲ့ Gadget Max GMCC-01 Car Charger လေးအကြောင်း ပြောပြပေးမယ်နော်။ဒီ Car Charger လေးမှာဆိုရင် ဖုန်းအားသွင်းဖို့အတွက် 12V-1.5A (18W Max) အထိ Support ပေးနိုင်တဲ့ Fast Charging USB Output (1) ခုနဲ့ 5V-2A (10W) အထိ Support ပေးနိုင်တဲ့ USB Output (1) ခုပါဝင်ပါတယ်။နောက်ပြီး Bluetooth မပါတဲ့ ကားတွေအတွက်လည်း ဖုန်းနဲ့ Bluetooth ချိတ်ပြီး သီချင်းနားထောင်နိုင်တဲ့အပြင် Micro SD Card (သို့) USB Stick နဲ့လည်း အသုံးပြုနိုင်ပါတယ်။ဒါ့အပြင် ဖုန်းကိုင်, ဖုန်းချ, သီချင်းကျော်တာတွေကိုလည်း Charger ကနေတစ်ဆင့် ပြုလုပ်နိုင်တဲ့အတွက်ကြောင့် ကားပေါ်မှာ အားသွင်းတတ်တဲ့သူတိုင်း ရွေးချယ်သင့်တဲ့ Car Charger လေးတစ်ခုပါပဲ။
Gadget Max GX 3in1 Cable
18,000 Ksအမျိုးအစားမတူတဲ့ Device ၃ခုကို တစ်ပြိုင်တည်း အးသွင်းဖို့ အားသွင်းကြိုး ၃ ကြောင်း ရှိနေစရာမလိုတော့ဘူးနော်။
Gadget Max GX 3in1 Cable လေးကို ဆောင်ထားလိုက်ရင် ကြိုး ၃ ကြောင်း ကို 3 in 1 Cable တစ်ကြိုးတည်းနဲ့ သုံးလို့ရမှာပါ။
USB အပေါက်နဲ့မို့ ကိုယ့်မှာရှိတဲ့ဘယ်အားသွင်းခေါင်းနဲ့မဆို တွဲသုံးလို့ရတာမို့ အရမ်းအဆင်ပြေပါတယ်။
Gadget Max GX15 Type C to Type C Cable
11,500 KsPhone အားသွင်းဖို့အပြင် Macbook တို့ Laptop တို့ပါ အားသွင်းလို့ရမယ့် 60W Output ထွက်တဲ့ကြိုးလေးရှာနေတဲ့သူတွေအတွက် Gadget Max GX15 Type C to Type C Cable လေးရှိပါတယ်နော်။
60W အားအထွက်တောင်ဆိုတော့ အားအဝင်ကတော့ ရှယ်မြန်ပါပဲ။ကြိုးအရှည်ကလည်း 1.2m တောင်ဆိုတော့ Laptop နဲ့ တွဲသုံးချင်တဲ့သူတွေအတွကလည်း ရှယ်အဆင်ပြေတာပေါ့။
Gadget Max Ray Hanger 2.4A 30000mAh Power Bank
95,500 Ksလူနှစ်ယောက်အေးအေးဆေးဆေးသုံးလို့ရနိုင်တဲ့ Powerbank မျိုးလေးရှာနေရင်တော့ Gadget Max 30000mAh Ray Hanger 2.4A Powerbank လေးကိုရွေးချယ်နိုင်ပါတယ်နော်။
သိပ်မကြီးတဲ့အရွယ်အစားနဲ့ လက်ကနေအလွယ်တကူ ဆွဲသွားလို့ရတဲ့ကြိုးလေးပါတာကြောင့် Portable ဖြစ်တဲ့အပြင် ပရီမီယမ်ဆန်တဲ့ဒီဇိုင်းနဲ့ အားလက်ကျန်ကိုပြပေးမယ့် LED Indicator လည်းပါသေးတယ်နော်။
2.4A အားအထွက်နဲ့ USB (2) ပေါက်ပါတာကြောင့် ဖုန်းနှစ်လုံးကိုတစ်ပြိုင်တည်း အားသွင်းနိုင်သလို Powerbank ကိုလည်း Micro နဲ့ Type-C နှစ်ပေါက်ကနေ အလွယ်တကူအားပြန်သွင်းလို့ရတော့ အဆင်ပြေတာပေါ့။
JBL C150Si Wired Earphone
48,900 Ksနားကြပ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ပါမှန်းတောင်မသိအောင်ဖြစ်နေမှဆိုတဲ့သူတွေအတွက်ကတော့ JBL C150Si Wired Earphone လေးရှိပါတယ်နော်။
Built-In Microphone လေးလည်းပါတော့ ဖုန်းပြောရင်လည်းအဆင်ပြေရောပဲနော်။Color အနေနဲ့ကလည်း ရွေးချယ်စရာတွေအများကြီးရှိတော့ အကြိုက်တွေအလိုက်ရွေးချယ်နိုင်တာပေါ့။
JBL Quantum 100 Wired Headphone
199,000 KsGamer တွေအနေနဲ့ Headphone တစ်လုံးဝယ်ထားရုံနဲ့စွယ်စုံသုံးလို့ရတဲ့ Headphone လေးတွေထဲက ပေးရတဲ့ဈေးထက်တန်တဲ့ Features လေးတွေနဲ့ကောင်လေးဆိုရင်တော့ JBL Quantum 100 Wired Headphone လေးရှိတယ်နော်။Lightweight headband နဲ့ အိအိစက်စက် ear cushions လေးတွေနဲ့ဆိုတော့ အကြာကြီးတပ်ထားရင်တော့ နားနာမှာ ခေါင်းနာမှာတွေအတွက်ထည့်မစဉ်းစားလည်းရပါတယ်နော်။
Sound Quality အတွက်တော့ 40mm driver ကတော်တော်ကြီးကိုအဆင်ပြေပါတယ်။Removable Mic လေးနဲ့ဆိုတော့ ဂိမ်းဆော့မနေရင်လည်း သီချင်းလေးနားထောင်ပြီး Chill နေလို့ရတော့အဆင်ပြေနေရောပဲ။
JBL T110 Wired Earphone
49,900 Ksစျေးနှုန်းအသင့်အတင့်နဲ့ Bass သံကောင်း Quality ကောင်းတဲ့နားကြပ်ရှာနေလား JBL ရဲ့ Best Seller T110 wired earphone လေးရှိပါတယ်။အသံပိုင်းမှာလည်း 9.0 mm Driver size နဲ့ Bass သံထွက်ပိုင်းမှာထိထိမိမိနဲ့ လှည့်ကြည့်စရာကိုမလိုဘူး။
Build-in Microphone ပါဝင်လို့ဖုန်းပြောမယ်ဆိုလဲအဆင်ပြေတဲ့အပြင် Music & Call Control လေးအတွက် Button လေးလည်းပါတယ်နော်။3.5mm jack pin အစောင်းလေးနဲ့ဆိုတော့ Game ပဲဆော့ဆော့ ရုပ်ရှင်ပဲကြည့်ကြည့်အဆင်ပြေစေပြီး Flat cable လေးနဲ့ဆိုတော့ ကြိုးရှုပ်မှာ ကြိုးပြတ်လွယ်မှာစိတ်ပူစရာမလိုတော့ဘူးလေ။
Remax RU-S2 Socket
45,500 KsSocket ကိုအပေါက်များများနဲ့ Quality ကောင်းကောင်လေးရှာနေရင်တော့ ဒီ Remax RU-S2 US Socket လေးကိုသာဆောင်ထားလိုက်တော့။
ပလက်ခေါင်း အားလုံးအသုံးပြုနိုင်တဲ့ Universal Plug သုံးပေါက် နဲ့ 10W ထိရတဲ့ USB A (4) ပေါက်ပါတော့ ဖုန်းအားပဲသွင်းသွင်း တခြားကြိုက်ရာသုံး လုံလုံလောက်ဖြစ်စေမှာပါ။
အပူဒဏ် 750°C အထိ ခံနိုင်ရည်ရှိလို့ မီးဘေးအန္တရာယ် အတွက် ပူစရာမလိုတဲ့ ABS Plastic Material Body ကြောင့် စိတ်ချလက်ချသုံးနိုင်မှာပါ။
Remax TWS-50i Wireless Earbuds
55,000 Ksနေ့တစ်နေ့ကို အစပြုဖို့ ချိုမြိန်မှုလေးတွေ လိုအပ်နေပြီလား ။ TWS-50i Earbuds လေးက ဖန်တီးပေးနိုင်ပါတယ် ။Type-C အားသွင်းပေါက်လေးနဲ့အားသွင်းလို့လည်းရမယ်။ တစ်ခါအားသွင်းပြီး (၄)နာရီဆက်တိုက်သုံးလို့ရတဲ့အပြင် Charging Box နဲ့လည်း (၅)ကြိမ်ထိ ပြန်အားဖြည့်နိုင်တာက တစ်နေ့စာအတွက် လုံလောက်စေတာပေါ့ ။HD Mic ပါလို့ဖုန်းပြောတဲ့အခါလည်း အဆင်ပြေပါတယ်။










