Realme 14 (5G)
1,399,900 Ks
Mecha Silver
မြန်ဆန်သွက်လက်ပြီး သေသပ်တဲ့ Design နဲ့ Realme 14 လေးကတော့ 6.67 inches,AMOLED Esports Display ကိုသုံးထားပေးတဲ့အတွက် ကြည်တောက်ရှင်းခံစားမှုကိုရစေမှာပါ။ Chipset ပိုင်းမှာလည်း Qualcomm Snapdragon 6 Gen 4 (4 nm) နဲ့ဆိုတော့ Daliy Use ကိုပေါ့ပေါ့ပါးပါးသုံးလို့ရတဲ့အပြင် Gaming ပိုင်းမှာပါ အကြိုက်တွေ့စေမှာပါ။ Main Camera 50 MP, Selfie Camera 16 MP ဖြစ်လို့ အမှတ်တရတိုင်းကို ကြည်လင်ပြတ်သားစွာ မှတ်တမ်းတင်ရုံပါပဲ။ Battery 6000 mAh ဖြစ်လို့ တစ်နေ့လုံးအေးဆေးသုံးလို့ရမယ့်အပြင် Bionic Cooling System နဲ့ဆိုတော့ Game ဆော့ချိန် Heat အလွန်အကျွံတက်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။ IP 68/IP69 dust tight and water resistant မလို့ တော်ရုံရေစိုတာလောက်ကို အေးဆေးဖြတ်သန်းရုံပါပဲနော်။
Realme 14 Pro
1,999,900 Ksအမြင်အေးစေမယ့်အလှလေး 14 Pro ကတော့ 120Hz Refresh Rate, 6.77″ Screen Size နဲ့မလို့ Screen ကြီးတာကြိုက်သူတွေအဆင်ပြေစေမှာပါ။ Camera ပိုင်းမှာလည်း Main Camera ကို 50MP Sony OIS Camera နဲ့ 16MP Selfie Camera တို့ကိုသုံးထားလို့ အမိုက်စားပုံတွေကို ရိုက်ကူးလို့ရစေမှာပါ။ Mediatek Dimensity 7300 Energy (4 nm) Chipset ကြောင့် Performance မသွက်မှာပူစရာမလိုပါဘူး။ 6000mAh Battery ကို 45W Charging နဲ့ဆိုတော့ တစ်ဝကြီးသုံးလို့ရစေမှာပါ။
Realme 14T (5G)
1,099,900 Ks
Obsidian Black
အမိုက်စား AMOLED Display နဲ့ထွက်ရှိလာတဲ့ 14T လေးကတော့ IP69 Dust & Water Resistance တွေပါတော့ သာမာန်ရေစိုတာလောက်ကို ရင်ခုန်မှာမဟုတ်ပါဘူး။ 6000mAh Battery Capacity ကိုမှ 45W Fast Charge နဲ့ဆိုတော့ အားအမြန်ပြည့်စေဦးမှာပါ။ 50MP, 2MP Main Camera နဲ့ 16MP Selfie Camera တို့ကြောင့် ရုပ်ထွက်မလှမှာလည်း စိုးရိမ်စရာမလိုပါဘူး။ Mediatek Dimensity 6300 (6 nm) Chipset ကြောင့်မလို့ Performance ပိုင်းမှာလည်း အိုကေပါပဲ။
Realme C61
649,900 Ksခပ်မိုက်မိုက် Body ခပ်ကြမ်းကြမ်းဒီဇိုင်းနဲ့ C61 လေးကတော့ UNISOC T612 Chipset လေးကိုသုံးပေးထားပါတယ်။ 6.74″ ကိုမှ ISP LCD Displayလေးမလို့ Screen ကျယ်ကျယ်ကြည်လင်တဲ့ရုပ်ထွက်နဲ့အမိုက်စားခံစားမှုကိုရစေမှာပါ။ Camera လေးတွေကိုလည်း 50MP, 0.8MP Main Camera နဲ့ 5MP Selfie Camera တွေကိုသုံးထားပေးပါတယ်။ Air Gesture Control လေးလည်းပါတော့ စိတ်ကြိုက်ထိန်းချုပ်လို့ရနိုင်စေမှာပါ။ 5000mAh Batteryကြောင့် Daily Use အတွက်ဆို ကောင်းကောင်းသုံးလို့ရမယ့် ဖုန်းလေးတစ်လုံးဖြစ်ပါတယ်။
Realme C63
649,900 Ks – 699,900 Ks
Leather Blue
Premium Vegan Leather နဲ့ 45W Fast Charging တို့လိုအကြမ်းစား Features တွေနဲ့ Realme C63 မှာ Unisoc Tiger T612 (12 nm) Soc ကိုသုံးထားလို့ Normal Daily Use တွေမှာ ပေါ့ပေါ့ပါးပါးသုံးနိုင်ပါတယ်။ IPS LCD, 90Hz, 560 nits (HBM) Display ကလည်း ရုပ်ရှင် Social Media ပိုင်းတွေမှာ Smooth ဖြစ်တဲ့ Experience ကိုပေးနိုင်မှာဖြစ်ပြီး 50MP Main Camera ကြောင်း ပုံရိုက်တဲ့အခါလည်း ကြည်လင်နေမှာပါ။ 5000 mAh Battery ကိုလည်း 45W Fast Charging နဲ့အားပြန်ဖြည့်ပြီး စိတ်ကြိုက်သုံးနိုင်ပါပြီ။
Realme C65
849,900 Ksကျစ်လျစ်တဲ့ Body အလှလေးထဲမှာ အမိုက်စား Features တွေနဲ့အတူ Realme C65 လေးမှာက 6.67 inches IPS LCD Display ကို အသုံးပြုပေးထားပါတယ်။IP54 Water Resistance ကြောင့် ဖုန်မှုန့်နဲ့ ရေစင်တာတွေကို ကာကွယ်နိုင်မယ့်အပြင် 5000mAh ကိုမှ 45W Fast Charging နဲ့ဆိုတော့ အားအကြာကြီးသွင်းပေးဖို့လည်း မလိုတော့ပါဘူး။Daily Use အတွက် အဆင်ပြေစေမယ့် Mediatek Helio G85 (12 nm) ကို သုံးပေးထားပြီး 50MP Camera ကြောင့် ပုံထွက်တွေကလည်း ကြည်လင်နေဦးမှာပါ။
Realme C67
799,900 Ks
Sunny Oasis
Realme C67 မှာ ကြည်လင်ပြတ်သားတဲ့ 3x In-Sensor Zoom 108MP camera ရယ် 2MP depth camera ရယ်ပါတာမလို့ zoomကို 3x အထိ ကြည်ကြည်လင်လင်ဆွဲပြီး ရိုက်လို့ရနိုင်မှာပါ။ Selfie camera ကိုလည်း 8MP သုံးထားလို့ 1080p video တွေကို အေးဆေးရိုက်နိုင်မှာပါ။ Chipset ကို Qualcomm SM6225 Snapdragon 685 (6 nm) သုံးထားလို့ app တစ်ခုနဲ့တစ်ခုပြောင်းရင် ချောမွေ့နေမှာပါ။SUPERVOOC charging technology ကို အသုံးပြုထားတာကြောင့် 33W fast charge နဲ့ အားအမြန်ပြည့်စေမယ့်အပြင် battery ကလည်း 5000mAh မလို့ တစ်နေကုန်အေးဆေးသုံးရုံပါပဲ။
Realme C71
549,900 Ks – 599,900 Ks
Forest Owl
White Swan
ဆွဲဆောင်မှုအပြည့် Light Feather Design လေးနဲ့ Realme C71 ကတော့ 6.67 inches,IPS LCD, 120Hz Display ဖြစ်လို့ ကြည်လင်တဲ့ရုပ်ထွက်နဲ့အမိုက်စားခံစားမှုကိုရစေမှာပါ။ Unisoc T7250 (12 nm) Chipset နဲ့မလို့ Daily Task တွေကို ပေါ့ပေါ့ပါးပါးလုပ်ဆောင်နိုင်ဦးမှာပါ။ ဝင်လာတဲ့ Notification တိုင်းကို အလွယ်တကူသိနိုင်စေမဲ့ Pluse Light လေးကလည်း လုံးဝအထာကျစေမှာပါ။ Camera ပိုင်းမှာလည်း Main Camera 50 MP နဲ့ Selfie Camera 5 MPကိုသုံးထားပေးပါတယ်။ 6300mAh Battery ကိုမှ 45W Fast Charging နဲ့ဆိုတော့ တစ်ခါအားသွင်းထားရုံနဲ့ တစ်ရက်တာကို အေးဆေးဖြတ်သန်းနိုင်မှာပါနော်။IP 64 Water Resistance ဖြစ်လို့ တော်ရုံရေစို ရေစင်တာလောက်ကို စိတ်ပူစရာမလိုတော့ဘူးပေါ့။
Realme C75
849,900 KsC75 လေးက ရေစိုခံရော အကြမ်းရောခံတာမလို့ ဖုန်းဆိုအကြမ်းခံမှာကြိုက်တဲ့သူတွေ သဘောတွေ့စေမှာပါ။ အမိုက်စား 6000mAh Battery ကိုမှ 45W Fast Charging Supportတာမလို့ ခနလေးအားသွင်း စိတ်ကြိုက်သုံးရုံပါပဲ။ 6.72″ Screen Size ကိုမှ 90Hz FHD Display ကြောင့်မလို့ Resolutionမကောင်းမှာ စိုးရိမ်စရာမလိုပါဘူး။ Chipset ကိုတော့ Mediatek Helio G92 Maxကို သုံးပေးထားပါတယ်။ 50MP Camera နဲ့ Selfie Camera 8MP ကြောင့်မလို့ အမှတ်တရအခိုက်တန့်တွေကို ကြည်လင်စွာ မှတ်တမ်းတင်လို့ရစေမှာပါ။
Realme C75x
749,900 Ksလူငယ်ဆန်ဆန် Color လေးနဲ့ ရေစိုအကြမ်းခံမယ့်ဖုန်းရှာနေတယ်ဆိုရင် Realme C75x လေးရှိပါတယ်။6.67 inches Screen Size ကိုမှ 120Hzကြောင့်မလို့ Resolutionမကောင်းမှာ စိုးရိမ်စရာမလိုပါဘူး။Mediatek Helio G81 Ultra (12 nm) ဖြစ်လို့ Performance ပိုင်းမှာသွက်နေမှာပါ။Camera ပိုင်းမှာလည်း Main Camera 50 MP နဲ့ Selfie Camera 5 MP ဆိုတော့ အမှတ်တရတွေကို ကြည်ကြည်လင်လင်မှတ်တမ်းတင်နိုင်ဦးမှာပါ။ရေစိုတာကိုစိတ်ပူစရာမလိုအောင် IP68/IP69 dust tight and water resistant သုံးထားပေးပါတယ်။အမိုက်စား 5600mAh Battery ကိုမှ 45W Fast Charging Supportတာမလို့ ခနလေးအားသွင်း စိတ်ကြိုက်သုံးရုံပါပဲ။
Realme Note 50
449,900 KsRealme Note 50 လေးကတော့ ပါးလျတဲ့ 7.99mm body နဲ့ 6.74″ ကိုမှ 90Hz Vivid display ဆိုတော့ ဒီဇိုင်းစမ်းစမ်းပါးပါးလျလျဖုန်းကိုမှ ကိုင်ချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ Chipset ကိုတော့ Unisoc Tiger T612 (12 nm) ကိုသုံးထားတာမလို့ သုံးရတာသွက်လက်စေမှာပါ။ သူကတော့ main camera ကို 13MP နဲ့ selfie camera ကို 5MP မလို့ 1080p ပုံလေးတွေကို အေးဆေးရိုက်ကူးလို့ရနိုင်မှာပါ။ သူ့ battery က 5000mAh မလို့ တစ်ဝကြီးသုံးလို့ရမယ့်အပြင် 10W fast charger ပါတော့ အားအဝင်လည်းမြန်ပါသေးတယ်။ သူက IP57 water & dust resistance လည်းပါတော့ ဘယ်နေရာမဆို စိုးရိမ်စရာမလိုပဲ သယ်သွားလို့ရမှာပါ။
Realme Note 60
529,900 Ks – 579,900 Ks
Marble Black
Voyage Blue
ရိုးရှင်းတဲ့ Design လေးနဲ့ Realme Note 60 လေးမှာ Performance ပိုင်းမှာတော့ Unisoc Tiger T612 (12 nm) ကို အသုံးပြုပေးထားပါတယ်။Camera ပိုင်းမှာဆိုရင်လည်း ကျောဘက် Main Camera ကို 32MP နဲ့ Selfie အတွက်လည်း 5MP ကို အသုံးပြုပေးထားပါတယ်။Display အတွက် IPS LCD သုံးပေးထားပြီး Screen Size 6.74 inches ကျယ်ပါတယ်။ဒါ့အပြင် 5000mAh Battery ပါဝင်တာမို့ တစ်နေ့လုံး အေးဆေးသုံးနိုင်ဦးမှာပါ။
Realme Note 60x
299,900 Ks – 329,900 Ks
Marble Black
ပါးပါးလျလျနဲ့ အကြမ်းခံနိုင်မယ့်ဖုန်းတစ်လုံးရှာနေပြီဆို 6.74″ Displayကိုမှ Armor Shell Protectionရော IP54 Dust & Water Resisitace ရောပါတဲ့ Note 60x လေးရှိပါတယ်။ Chipset ကိုတော့ Unisoc Tiger T612 ကိုသုံးပေးထားပါတယ်။ 5000mAh Battery နဲ့ဆိုတော့ Daily Use အတွက်သုံးမယ်ဆိုရင် အေးဆေးသုံးလို့ရစေမှာပါ။ Camera တွေကိုတော့ 8MP Rear Camera နဲ့ 5MP Front Camera တွေကိုသုံးပေးထားပါတယ်။













