Tecno Camon 30S
749,900 KsPremium ဆန်ဆန် Look လေးအပြင် တည်ငြိမ်ပြီး Update ဖြစ်တဲ့အရောင်လေးတွေနဲ့ Tecno Camon 30S လေးကတော့ ရောက်ရှိလာပါပြီ။ 6.78 inches ရှိတဲ့ AMOLED Curved Display ကိုသုံးပေးထားပြီး 120Hz လည်း Support ပေးသေးတာမလို့ စိုပြေချောမွေ့တဲ့ ရုပ်ထွက်တွေကို ခံစားရစေမှာပါ။ Mediatek Helio G100 (6 nm) Chipset ကိုသုံးထားပေးပြီး အခိုက်အတန့်တိုင်းကို အလှဆုံးဖမ်းယူဖို့ 50 MP Main Camera နဲ့ 13 MP Selfie Camera တွေကိုလည်း သုံးပေးထားပါတယ်။ 5000mAh Battery ကို 33W Fast Charging လည်းပါသေးတော့ စိတ်ကြိုက်သုံးခနလေးအားသွင်းလိုက်ရုံပါပဲ။
Tecno Camon 40
899,900 Ks
Emerald Glow Green
Galaxy Black
ခပ်ဆန်းဆန်း Design ကိုမှ Premium Vibe လေးနဲ့ Tecno Camon 40 မှာ 6.78 inches ကို သုံးပေးထားတာမလို့ Screen ခပ်ကြီးကြီးနဲ့ မိမိုက်နေမှာပါ။Mediatek Helio G100 Ultimate (6 nm) နဲ့မလို့ Daily Task တွေကို အထစ်အငေါ့မရှိ လုပ်ဆောင်နိုင်မယ့်အပြင် 5200 mAh ကိုမှ 45W Fast Charging နဲ့ဆိုတော့ စိတ်ကြိုက်သုံးရုံပါပဲ။ကြည်ကြည်လင်လင်အမှတ်တရတွေကို ဖန်တီးဖို့အတွက်လည်း 50Mp Main Camera နဲ့ Selfie Camera 32 Mp ကို သုံးပေးထားပါတယ်။
Tecno Camon 40 Pro
999,900 Ks
Emerald Lake Green
Galaxy Black
ပါးပါးကျစ်ကျစ် Design ကိုမှ Premium Vibe လေးနဲ့ Tecno Camon 40 Pro မှာ 6.78 inches Curved AMOLED Display ကိုသုံးထားပေးပါတယ်။အမိုက်စား AI Features တွေအပြင် Mediatek Helio G100 Ultimate (6 nm) 120Hz Refresh Rate နဲ့မလို့ Daily Task တွေကို အထစ်အငေါ့မရှိ လုပ်ဆောင်နိုင်ဦးမှာပါ။ Main Camera 50 MP , 8 MP နဲ့ Selfie Camera 50 MP ဖြစ်လို့ ကြည်လင်တဲ့ပုံရိပ်တွေအပြင် ညအချိန်မှာတောင် မိမိုက်တဲ့ရိုက်ချက်တွေကို ဖမ်းယူနိုင်မှာပါ။IP68/IP69 dust tight and water resistant ကိုသုံးထားတဲ့အတွက် ရေစိုနေရင်တောင်စိတ်ပူစရာမလိုတော့ပါဘူး ။5200 mAh ကိုမှ 45W Fast Charging နဲ့ဆိုတော့ စိတ်ကြိုက်သုံးရုံပါပဲ။
Tecno Phantom V Flip 2
Premium feature တွေနဲ့ ခေါက်ဖုန်းလောကထဲကို ဈေးသင့်သင့်နဲ့ ဝင်လာတဲ့ Affordable Foldable လို့ခေါ်လို့ရတဲ့ Tecno Phantom V Flip 2။ 6.9 inches Screen အကျယ်ကြီးကိုမှ Foldable LTPO AMOLED Display သုံးပေးထားပြီး Screen Refresh Rate 120Hz အထိ Support ပေးထားတဲ့အပြင်ကိုမှ ဖုန်းရဲ့ကျောဘက်မှာလဲ 3.64 inches AMOLED Display တစ်ခုပါ ပါသေးတယ်။ Mediatek Dimensity 8020 (6 nm) Chipset ကိုအသုံးပြုပေးထားပါတယ်။ Build Quality ကို aluminum frame ကိုမှ eco-leather back နဲ့ Screen ကိုလဲ Corning Gorilla Glass သုံးပေးထားလို့ အကြမ်းခံမှုက သံသယဝင်စရာတစ်စက်မှမလိုပါဘူး။ Main Camera ကို 50 MP နှစ်လုံး သုံးပေးထားပြီး Selfie Camera 32 MP သုံးပေးထားလို့ ဓာတ်ပုံသေချာရိုက်ချင်သူများ အတွက်လဲ သဘောတွေ့စေမှာပါ။ Battery ကိုလဲ 4720 mAh Battery ကြီးကိုမှ Charging 70W အထိ Support ပေးထားလို့ အားခံတဲ့အပြင် အားပြန်သွင်းရတာလဲ ခဏလေးနဲ့ အပြည့်ပြန်သွင်းလို့ရစေမှာပါ။
Tecno Pova 6
579,900 Ks
Comet Green
Interstellar Blue
Meteorite Grey
Design ဆန်းဆန်းနဲ့ လှနေတဲ့ Tecno Pova 6 မှာ CPU အနေနဲ့ Mediatek Helio G99 Ultimate (6 nm) ကို သုံးပေးထားပါတယ်။ Camera ပိုင်းမှာ ကျောဘက် Main Camera ကို 108MP သုံးပေးထားတာမို့ ကြည်လင်တဲ့ ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး Selfie Camera အတွက် 32 MP (wide) ကို သုံးပေးထားပါတယ်။ Display အတွက် AMOLED, 1B colors, 120Hz, 1300 nits (peak) ကို သုံးပေးထားပြီး 6.78 Inches ကျယ်ပါတယ်။ Battery က 6000mAh ပါတာမို့ တစ်နေ့လုံး အေးဆေးသုံးလို့ရမယ့်အပြင် 70W Fast Charging ရတာမို့ အားမြန်မြန် ပြန်သွင်းနိုင်မှာပါ။
Tecno Pova 6 Pro (5G)
799,900 Ks
Comet Green
Meteorite Grey
Ultra Thin Body နဲ့ အကြမ်းစား Battery Capacity ကိုပေါင်းစပ်ထားတဲ့ Tecno Pova 6 Pro (5G) မှာ Mediatek Dimensity 6080 (6 nm) ကို သုံးထားလို့ Daily Use အတွက်လုံလောက်တဲ့ Performance ပါပဲ။ AMOLED, 120Hz, 1300 nits (peak) Display ကြောင့် Colorful ဖြစ်တဲ့ Experience ကိုခံစားနိုင်မယ့်အပြင် 108 MP Main Camera နဲ့ 32 MP Selfie Camera ကိုသုံးထားလို့ ပုံထွက်မကောင်းမှာလည်း စိတ်ပူဖို့မလိုတော့ပါဘူး။ 6000 mAh Battery ကို 70W Fast Charging နဲ့တွဲသုံးရမှာဖြစ်ပြီး 1% Super-Endurance Power Mode လို အသုံးဝင်တဲ့ Feature မျိုးပါဝင်လာလို့လည်း Urgency Case တွေမှာပါ ကောင်းကောင်းအသုံးပြုနိုင်မှာပါ။
Tecno Pova 7
559,900 Ks – 599,900 Ksစွဲမက်ဖွယ်အရောင်ဒီဇိုင်းနဲ့ Tecno Pova 7 လေးကတော့ 6.78 inches Display , 120Hz လည်း Support ပေးသေးတာမလို့ စိုပြေချောမွေ့တဲ့ ရုပ်ထွက်တွေကို ခံစားရစေမှာပါ။ MediaTek Helio G100 Ultimate ကိုသုံးထားလို့ Daily Task တွေကို အထစ်အငေါ့မရှိလုပ်ဆောင်နိုင်ဦးမှာပါနော်။ Camera ပိုင်းကိုလည်း Main Camera 108 MP,2 MP နဲ့ Selfie Camera 8 MP ကိုသုံးထားပေးပါတယ်။ 7000mAh Battery ကိုမှ 45W Flash Charge နဲ့ဆိုတော့ စိတ်ကြိုက်သုံးခနလေးအားသွင်းလိုက်ရုံပါပဲ။
Tecno Pova Curve (5G)
1,099,900 Ksပေါ့ပါးပြီး အထာကျနေမဲ့ Gaming Vibe Design နဲ့ Pova Series ရဲ့ Tecno Pova Curve ကတော့ 6.78 inches,AMOLED,144Hz Curved Display ဖြစ်လို့ ရုပ်ရှင်ကြည့်၊စာဖတ်မလား Game ပဲဆော့မလား ရုပ်ထွက်ပိုင်းစိုပြေကျစ်လျစ်နေမှာပါ။ Chipset ပိုင်းမှာလည်း Mediatek Dimensity 7300 Ultimate (4 nm) ကိုသုံးထားပေးတဲ့အတွက် Performance ပိုင်းအတွက်အေးဆေးပါပဲ။ Main Camera 64 MP, 2MP နဲ့ Selfie Camera 13 MP ကြောင့် ရိုက်ချက်တိုင်းကြည်လင်နေဦးမှာပါနော်။တော်ရုံရေစင် ချွေးစိုတာလောက်ကို စိတ်ပူစရာမလိုအောင် IP64 Water Resistant ကိုလည်းသုံးထားပေးပါတယ်။ 55oomAh Battery ကို 45W Fast Charge Support မလို့ တစ်နေ့တာကိုအားအပြည့်နဲ့ဖြတ်သန်းရုံပါပဲ။
Tecno Pova Slim
1,299,900 Ksပါးလွှာတဲ့ ဖုန်းတွေကြားထဲမှာမှ အပါးဆုံး မှန်ခုံး5G Smartphone လို့ အခေါ်ခံထားရ တဲ့ Tecno Pova Slim ကတော့ အထူ 5.95 mm သာရှိပြီး 156 g မျှသာ အလေးချိန်ရှိပါတယ်။ Screen ကိုတော့ 6.78 inches အကျယ်ရှိတဲ့ curved AMOLED display ကိုမှ Screen Refresh rate 144Hz အထိ Support ပေးထားပါတယ်။ Mediatek Dimensity 6400 (6 nm) Chipset ကို အသုံးပြုပေးထားလို့ Daily Use အပိုင်းတော့ ပေါ့ ပေါ့ ပါးပါး အဆင်ပြေစေမှာဖြစ်ပါတယ်။ Main Camera အနေနဲ့ 50 Mp သုံးပေးထားပြီး Selfie Camera 13 Mp အသုံးပြုပေးထားပါတယ်။ Battery ကိုတော့ 5160 mAh သုံးပေးထားလို့ မြန်မြန် အားကုန်မှာကို တော့ စိုးရိမ်နေစရာလိုနေမှာမဟုတ်ဘဲ အားပြန်သွင်းဖို့ Charging ကိုလဲ 45W အထိ Support ပေးထားပါတယ်။ 5.95 mm အထူလေးကိုမှ ဒီလို Curved Display, ဒီလို Battery နဲ့ Chipset ကိုသုံးထားတဲ့ Tecno Pova Slim ကတော့ တကယ့်ကိုပါးပါးလေးနဲ့ ကြမ်းတဲ့ Powerhouse တစ်လုံးပါဘဲ။
Tecno Spark 20
639,900 KsTecno Spark 20 က ရိုးရှင်းတဲ့ Design ကို အသုံးပြုပေးထားပြီး Performance ပိုင်းမှာတော့ Mediatek MT6769Z Helio G85 (12nm)ကို အသုံးပြုပေးထားပါတယ်။
Camera ပိုင်းမှာဆိုရင်လည်း ကျောဘက် Main Camera ကို 50 MP (wide) နဲ့ 0.08 MP(depth) နှစ်လုံးပါဝင်ပြီး Selfie အတွက်လည်း 32MP (wide) ကို အသုံးပြုပေးထားပါတယ်။Display အတွက် IPS LCD သုံးပေးထားပြီး Screen Size 6.6 inches ကျယ်ပါတယ်။
ဒါ့အပြင် 5000mAh Battery ပါဝင်တာမို့ တစ်နေ့လုံး အေးဆေးသုံးနိုင်ပါတယ်။
Tecno Spark 20 Pro
719,900 Ks
Frosty Ivory
Sunset Blush
IP53 Water & Dust Proof ပါပြီးတော့ Magic Skin Green ဆိုတဲ့ ဒီဇိုင်းဆန်းလေးနဲ့ အသစ်ထွက်ရှိလာတဲ့ Tecno ရဲ့ Spark 20 Pro ကတော့ chipsetအနေနဲ့ Mediatek Helio G99 (6nm) ကိုသုံးထားပါတယ်။ သူ့ display လေးကတော့ 6.78″ LCD ဆိုတော့ screen ကြီးကြီးသုံးလို့ရတဲ့အပြင် dual stereo speakers လည်းပါတော့ အသံကိုလည်း ကြည်ကြည်လင်လင်ကျယ်ကျယ်လေးကြားရစေမှာပါ။ ကင်မရာတွေကလည်း main camera ကို 108MP, 0.08MP ရယ် selfie camera ကို 32MP ရယ်သုံးထားတာမလို့ resolution မြင့်တဲ့ပုံတွေ video တွေကို ကြည်ကြည်လင်လင်ရိုက်ကူးနိုင်ဦးမှာပါ။ Video ရိုက်ရင်လည်း two sense video တွေလည်းရိုက်ကူးလို့ရနိုင်ဦးမှာပါ။ သူ့ battery ကလည်း 5000mAh ဖြစ်ပြီးတော့ 33W fast charging ရတာမလို့ သုံးချင်သလောက်သုံး ခနလေးနဲ့အားပြန်ပြည့်စေဦးမှာပါ။
Tecno Spark 30
649,900 Ks
Bumblebee Edition
Screen Size 6.78″ ရှိတဲ့ Spark 30 လေးက IPS LCD Display မလို့ Screen ကျယ်တာကြိုက်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ Chipset ကိုတော့ Mediatek Helio G91 (12 nm) ကိုသုံးပေးထားပါတယ်။ 64MP Main Camera နဲ့ 13MP Selfie Camera တို့ကြောင့် ကြည်လင်တဲ့ပုံတွေကို ရိုက်ကူးနိုင်ဦးမှာပါ။ Battery 5000mAh ကိုမှ 18W Charging လည်းပါသေးတော့ စိတ်ကြိုက်သုံးရုံပါပဲ။
Tecno Spark 30 Pro
729,900 Ks
Optimus Prime Edition
အမိုက်စား Optimus Prime Edition နဲ့ထွက်ရှိလာတဲ့ Spark 30 Pro လေးက 6.78″ AMOLED Display နဲ့မလို့ Scree ကျယ်ကျယ်သုံးချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ 108MP Main Camera နဲ့ 12MP Selfie Camera လေးတွေကြောင့် ကြည်လင်တဲ့ရုပ်ထွက်ကို ခံစားရစေမှာပါ။ Chipset အနေနဲ့ Mediatek Helio G100 ကို သုံးပေးထားပါတယ်။ 5000mAh Battery ကို 33W Super Charge နဲ့ဆိုတော့ ခနလေးအားသွင်း တစ်ဝကြီးသုံးရုံပါပဲ။
Tecno Spark 30C
399,900 Ks – 539,900 Ks
Titanium Gold
အသံကျယ်ကျယ် Screen ကျယ်ကျယ်ဖုန်းလေးကိုရှာနေတယ်ဆိုရင် Dual Speaker ပါပြီးတော့ 6.67″ Screen Size ရှိတဲ့ Spark 30C လေးရှိပါတယ်။ Chipset အနေနဲ့ Mediatek Helio G81 လေးကိုသုံးပေးထားတာကြောင့် Daily Useပေါ့ပေါ့ပါးပါးသုံးမယ့်သူတွေအတွက် အဆင်ပြေစေမှာပါ။ သူက Main Camera 50MP နဲ့ Selfie Camera 8MP ကိုသုံးပေးထားပါတယ်။ Battery Capacity 5000mAH ကိုမှ 18W Chargingဆိုတော့ အကြာကြီးသုံးလို့ရစေဦးမှာပါ။ IP54 Dust & Splash Resistance လည်းပါသေးတော့ တော်ရုံရေစင်တာလောက်တော့ အေးဆေးပါပဲ။
Tecno Spark GO 1
319,900 Ks – 339,900 Ks
Glittery White
Startrail Black
Titanium Gold
ကျော့ရှင်းတဲ့ Design လေးနဲ့ Tecno Spark GO 1 လေးမှာ Performance ပိုင်းမှာတော့ Unisoc T615 (12 nm) ကို အသုံးပြုပေးထားပါတယ်။Camera ပိုင်းမှာဆိုရင်လည်း ကျောဘက် Main Camera ကို 13 MP နဲ့ Selfie အတွက်လည်း 8MP ကို အသုံးပြုပေးထားပါတယ်။Display အတွက် IPS LCD သုံးပေးထားပြီး Screen Size 6.67 inches ကျယ်ပါတယ်။ဒါ့အပြင် 5000mAh Battery ပါဝင်တာမို့ တစ်နေ့လုံး အေးဆေးသုံးနိုင်ပါတယ်။
Tecno Spark Go 1s
279,900 Ks
Glittery White
Startrail Black
Titanium Gold
တည်ငြိမ်တဲ့ဒီဇိုင်းလေးနဲ့ Spark Go 1s လေးကတော့ 13MP Main Camera နဲ့ 8MP Selfie Camera ကိုသုံးပေးထားပါတယ်။ Chipset အနေနဲ့ကိုတော့ MediaTek Helio G50 ကိုသုံးထားပါတယ်။ 90Hz Refresh Rate နဲ့ 6.67″ Display ကြောင့် ပေါ့ပေါ့ပါးပါး Daily Use သုံးမယ်ဆိုရင် အဆင်ပြေစေမှာပါ။ 5000mAh Battery ကို 15W Charging ပါတာမလို့ တစ်ဝကြီးသုံးလို့ရစေမှာပါ။

















